
ပေကျင်း နိုဝင်ဘာ ၃
အောက်တိုဘာ ၂၈ ရက်တွင် ကွမ်ရှီးပြည်နယ် Beibu ပင်လယ်ကွေ့ဆိပ်ကမ်း ချင်းကျိုးဆိပ်ကမ်းဇုန်သို့ "SITC Venus" သင်္ဘော အဆင်ပြေချောမွေ့စွာ ဆိုက်ရောက်လာခြင်းသည် Beibu ပင်လယ်ကွေ့ဆိပ်ကမ်း- မြန်မာနိုင်ငံ တိုက်ရိုက်ရေကြောင်း အောင်မြင်ခဲ့ခြင်းပင်ဖြစ်ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါရေလမ်းကြောင်း ဖွင့်လှစ်ပြီးနောက် Beibu ပင်လယ်ကွေ့ဆိပ်ကမ်း - RCEP ဒေသတွင်း အကြား အဆင်ပြေချောမွေ့သော ရေလမ်းကြောင်း အသစ်တိုးလာခြင်းဖြစ်ကာ အဆိုပါရေကြောင်းကို အပတ်စဉ် သင်္ဘောလေးစင်းဖြင့် ပြေးဆွဲပြီး ဆိုက်ကပ် သည့်ဆိပ်ကမ်းများမှာ ချင်းကျိုး-နန်ရှား-ရှယ်ခို-ခလန်-ရန်ကုန်-ဘီလာဝမ်-ခလန်-နန်ရှား-ရှယ်ခို-ဟိုင်ဖုန်-ချင်းကျိုးတို့ဖြစ်ကြသည်။
ရေလမ်းကြောင်းသစ် ဖွင့်လှစ်ခြင်းဖြင့် Beibu ပင်လယ်ကွေ့ဆိပ်ကမ်း - RCEP ဒေသတွင်းအကြား နိုင်ငံတကာရေကြောင်းကွန်ရက်ကို ထပ်ဆင့်သိပ်သည်း လာစေပြီး ကုန်စည်များအတွက် ပိုမိုများပြား၍ အဆင်ပြေလွယ်ကူစေသော ပို့ကုန်သွင်းကုန်လမ်းကြောင်းများကို ပံ့ပိုးပေးကာ စီးပွားရေးလုပ်ငန်းများ၏ ထောက်ပံ့ပို့ဆောင်ရေး၊ သိုလှောင်ရေး ကုန်ကျစရိတ် များကို များစွာလျှော့ချပေးနိုင်မည်ဖြစ်သည်။
ရေလမ်းကြောင်းသစ်ဖြင့် ပို့ကုန်ကုန်စည်များသည် ချင်းကျိုးဆိပ်ကမ်းမှ စတင်ထွက်ခွာပြီး ၁၂ ရက်အကြာ တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိနိုင်ရာ ယခင်သမားရိုးကျ လမ်းခရီးတွင် တစ်ဆင့်ပြောင်းရ သည့်လမ်းကြောင်းများထက် ၄၀ ရာခိုင်နှုန်းခန့် ကြာချိန်လျှော့ချနိုင်ကြောင်း သိရသည်။
သီရိ