
နေပြည်တော် နိုဝင်ဘာ ၃
လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီး လေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ ၏ ရုံးအဖွဲ့စွမ်းဆောင်ရည်မြှင့်တင် ရေး သင်တန်းဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန စုပေါင်းအစည်းအဝေးခန်းမ ၌ ကျင်းပရာ ကာကွယ်တားဆီးရေး ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လက် ထောက်အတွင်းဝန်များ၊ ညွှန် ကြားရေးမှူးများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်း အနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လက်နက် ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှု(၆)ရပ်တို့ကို ကာကွယ် တားဆီးရေး ဆောင်ရွက်ခြင်းသည် ကလေးသူငယ်များအပါအဝင် လူ တစ်ဦးချင်းစီ၏ အခွင့်အရေးတို့ကို နေရာဒေသ၊ လူမျိုးမရွေး ခွဲခြား မှုမရှိဘဲ တန်းတူညီမျှရရှိခံစားနိုင် ရေး၊ သက်ဆိုင်ရာ ရပ်ရွာပတ်ဝန်း ကျင်အတွင်း လုံခြုံအေးချမ်းစွာ ရှင်သန်နေထိုင်ရေး၊ လုပ်ကိုင် စားသောက်နိုင်ရေး၊ လူ့အဖွဲ့ အစည်း၏ လူ့စွမ်းအားအရင်း အမြစ်များ ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်နိုင်ရေးတို့ကို ရရှိစေမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီလက်ထက် တွင် လက်နက်ကိုင်ပဋိပက္ခ အတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ နှင့် လုပ်ငန်းကော်မတီတို့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက် ပိုင်းတွင် ကြိုးပမ်းဆောင်ရွက်ချက် တို့ကို ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ပါကြောင်း။
အကျိုးရလဒ်အဖြစ် ကာကွယ် တားဆီးရေးကော်မတီ၏ ထုတ် ပြန်ကြေညာချက် ထုတ်ပြန်ပြီး လုပ်ငန်းစီမံချက် စတင်ဆောင် ရွက်နိုင်ခြင်း၊ Helpline အကောင် အထည်ဖော်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့တွင်လည်း ကာကွယ် တားဆီးရေးကော်မတီ၏ ရုံးအဖွဲ့ ဝင်အဖြစ် တာဝန်ထမ်းဆောင်ကြ မည့် ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များအတွက် လက် နက်ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများဆိုင်ရာ သဘော တရားများ၊ လက်နက်ကိုင်ပဋိ ပက္ခအတွင်း ကလေးသူငယ်များ အတွက် အခြေခံလိုအပ်ချက်များ ဥပမာအားဖြင့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခွင့် အလမ်းများရရှိနိုင်ရန် ဆောင်ရွက် ချက်များ၊ မြန်မာနိုင်ငံတွင် နိုင်ငံ တကာစံနှုန်းများနှင့်အညီ လက် နက်ကိုင်ပဋိပက္ခဆိုင်ရာ ကျင့်သုံး ဆောင်ရွက်နေသည့် ဥပဒေ မူဘောင်များ၊ ကြုံတွေ့ရသည့် အခက်အခဲများ စသည်တို့ကို လေ့လာသိရှိနိုင်မည် ဖြစ်ပါ ကြောင်း၊ ထို့အပြင် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ် များအပေါ် ကြီးလေးသော ကျူးလွန်မှုများနှင့် စပ်လျဉ်းပြီး ဆက်စပ် ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ပေါင်းစပ်ဆောင် ရွက်ခြင်းများ ပိုမိုကောင်းမွန်လာစေမည်ဖြစ်ပါကြောင်း ပြောကြား သည်။
သင်တန်းကို နိုဝင်ဘာ ၃ ရက် မှ ၄ ရက်အထိ ဖွင့်လှစ်ပို့ချမည် ဖြစ်ပြီး ကာကွယ်တားဆီးရေး ကော်မတီရုံးအဖွဲ့ဝင်များအတွက် ဘာသာရပ်အလိုက် ကျွမ်းကျင်သူ များက သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်