မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၅၄ လမ်းရှိ နေအိမ်တစ်အိမ်ကို ချိပ်ပိတ်ခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ဖြေကြားချက်

 

နေပြည်တော်  နိုဝင်ဘာ  ၃


မန္တလေးတိုင်းဒေသကြီး  ပြည်ကြီးတံခွန်မြို့နယ် ၅၄ လမ်းရှိ နေအိမ်တစ်အိမ်ကို ချိပ်ပိတ်ခဲ့ကြောင်းနှင့် အဆိုပါ ချိပ်ပိတ်ခဲ့သည့် နေအိမ်သည် ခရစ်ယာန် မိဘမဲ့ ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ထား သည့် နေရာတစ်ခု ဖြစ်သည်ဟု အချို့သတင်းဌာနများ တွင် ဖော်ပြနေသည့်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က အောက်ပါ အတိုင်း ဖြေကြားထားသည် -


“ကျွန်တော်တို့မနေ့က  ည ၈ နာရီလောက်မှာ မန္တလေးတိုင်းဒေသကြီး    ပြည်ကြီးတံခွန်မြို့နယ် စလုံးရပ်ကွက်၊ ၅၄(ဘီ)လမ်း၊ ၁၂၅/ ၁၂၆လမ်းကြား မှာရှိတဲ့  နေအိမ်တစ်အိမ်ကို   လုံခြုံရေးတပ်ဖွဲ့ဝင် တွေအနေနဲ့   သတင်းအရ   ချိပ်ပိတ်စစ်ဆေးခဲ့ရ တာရှိပါတယ်။ တချို့မီဒီယာတွေမှာ၊    တချို့  လူမှု ကွန်ရက်စာမျက်နှာတွေပေါ်မှာ   ဖော်ပြနေတာတွေ့ရ တယ်။ အဲဒါ ခရစ်ယာန်မိဘမဲ့ကလေးကျောင်းဖြစ် တယ်ဆိုပြီးတော့ ဖော်ပြနေတာဖြစ်ပါတယ်။ အဲဒီ သတင်းကတော့ အမှားပါ။ မဟုတ်ပါဘူး။ နေအိမ် ပဲဖြစ်ပါတယ်။ နေအိမ်ပိုင်ရှင်ရှိတယ်။ အဲဒီနေအိမ် ပိုင်ရှင်ကနေပြီး အခုအိမ်ငှား ထားထားတာရှိတယ်။ ဦးခင်မောင်အေး၊ ဒေါ်မေရီတို့က  ဒီအိမ်ကိုငှားထား တယ်ဆိုတာ   သိရပါတယ်။   အိမ်ကိုချိပ်ပိတ်ရတဲ့ အကြောင်းရင်းကတော့  မနှစ်က ၂၀၂၁ ခုနှစ် ဇွန်လ ၂၀  ရက်  ပတ်ဝန်းကျင်လောက်မှာ  ကျွန်တော်တို့ လည်း   သတင်းထုတ်ပြန်ပြီးဖြစ်တယ်။   သပိတ်ကျင်း ဘက်မှာ မန္တလေးက PDF အဖွဲ့  ဝေယံလင်း(ခေါ်)ထွန်းတောက်နိုင်ရဲ့အဖွဲ့ကို ကျွန်တော်တို့ မိခဲ့တယ်။ လက်နက်တွေအမြောက်အမြားနဲ့ ကားပေါ်မှာမိခဲ့ တာရှိတယ်။ သူ့ရဲ့ပြောချက်အရ သူတို့နဲ့ မန္တလေး တိုင်းဒေသကြီးထဲမှာရှိတဲ့ အကြမ်းဖက် PDF အဖွဲ့နဲ့ တချို့သော KIA အဖွဲ့ပူးပေါင်းပြီးတော့ မန္တလေးမြို့ ပေါ်မှာ အကြမ်းဖက်သင်တန်းတွေပေးဖို့ ၊  ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်းတွေပေးဖို့အတွက်     သူတို့ အိမ်လေးလုံးငှားခဲ့တယ်။   ဒီအိမ်လေးလုံးကိုလည်း ကျွန်တော်တို့ သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်။ အခုကျွန်တော်တို့ချိပ်ပိတ်လိုက်တဲ့အိမ်က အဲဒီအိမ်လေး လုံးထဲမှာပါတဲ့ အိမ်တစ်အိမ် ဖြစ်တယ်။ အဲဒီမှာတော့ အခြေပြုနေထိုင်တဲ့ဟာမျိုးတော့ မတွေ့ခဲ့ရဘူး။” 

 


“အခုနောက်ပိုင်းမှာ ဒီအိမ်မှာအိမ်ငှားတွေနေပြီး ကျွန်တော်တို့      အခုချိပ်ပိတ်စစ်ဆေးတဲ့အခါမှာ ကလေး   ၁၀   ယောက်တွေ့ရတယ်။ သူတို့အိမ်ငှား တွေကို မေးမြန်းချက်ထဲမှာ ဒါဟာမိဘမဲ့ကလေးတွေ လို့ သူတို့ကပြောတယ်။ ကျွန်တော်တို့ စစ်ဆေးနေဆဲပဲ ရှိသေးတယ်။ ဒီမသင်္ကာဖွယ်သတင်းရလို့စစ်ဆေးတယ်။  စစ်ဆေးတဲ့အခါမှာ   အဲဒီလိုတွေ့ရတယ်။ အဲဒီမှာ မိဘမဲ့ကလေးဂေဟာဖွင့်တယ်တို့၊  မိဘမဲ့ ကလေးကျောင်းဖွင့်တယ်တို့ဆိုတဲ့  တရားဝင်မှတ်ပုံ တင်ထားတာမျိုးမရှိဘူး။  သူတို့အစီအစဉ်နဲ့  သူတို့ လုပ်နေတဲ့ပုံစံမျိုးကို တွေ့ရတယ်။ ပြီးရင်တချို့သော လူမှုကွန်ရက်စာမျက်နှာတွေမှာ အဲဒီအိမ်မှာ ဆေး ကုပေးနေတယ်တို့     ဘာတို့လည်း     ကျွန်တော်တို့ သတင်းကြားရတာမျိုးရှိတယ်။    ပြည်သူလူထုကို ဆေးကုပေးနေတယ်ဆိုတဲ့      အမည်ခံမျိုးလည်း ကျွန်တော်တို့   တွေ့ထားတာဖြစ်တယ်။   သို့သော် ပြည်သူလူထုကို    ဆေးကုပေးနေတဲ့ပုံစံမျိုးလည်း မရှိပါဘူး။ သို့သော် အကြမ်းဖက်အဖွဲ့တွေကို အဆက် အသွယ်တွေနဲ့ ဆေးကုပေးနေတဲ့ပုံစံမျိုးတော့ ဖြစ် ကောင်းဖြစ်နိုင်တယ်။   ဒါတွေကိုတော့    ကျွန်တော် တို့စစ်ဆေးဆဲပဲဖြစ်ပါတယ်။   ကျွန်တော်ပြောချင် တာကတော့  စုံစမ်းစစ်ဆေးမှုတွေ  ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်လျက်ပဲရှိသေးတယ်။     ဒီ ထွန်းတောက်နိုင်တို့အဖွဲ့နဲ့ ဆက်စပ်ပြီးတော့  လုပ်ခဲ့ တဲ့  အိမ်လည်းဖြစ်နေတယ်။  နောက်ထပ်မသင်္ကာ စရာလည်းရှိတဲ့အတွက်ကြောင့် ဒါကြောင့်မို့ ဆောင် ရွက်ခြင်း    ဖြစ်ပါတယ်။   သူတို့သတင်းလွှင့်နေတဲ့ ခရစ်ယာန် မိဘမဲ့ကလေးကျောင်းတို့ ဘာတို့ဆိုတာ မဟုတ်ပါဘူး။”

 


“ဒါသည်   ချိပ်ပိတ်လိုက်တဲ့အခါမှ   လူမှုရေး အရရယ်၊   ဘာသာရေးအရရယ်   နည်းနည်းလေး သတင်းပွလာအောင် လုပ်ဆောင်နေတဲ့အနေအထား မျိုး ဖြစ်တယ်လို့ ကျွန်တော်တော့ ပြောချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့        မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က ဒီကလေးတွေနဲ့ပတ်သက် ပြီး မိဘမဲ့ကလေးတွေ ဟုတ်၊   မဟုတ်။  ဟုတ်ခဲ့ရင် လည်း ကျွန်တော်တို့က   တရားဝင်မိဘမဲ့ဂေဟာကိုပို့နိုင်ဖို့ တရားဝင်အစိုးရက ဖွင့်လှစ်ထားတဲ့   လူမှု ကူညီကယ်ဆယ်ရေး၊ စတဲ့ကိစ္စတွေကို ဆောင်ရွက်နိုင် ဖို့အတွက် ကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်။ ဒီမှာကျွန်တော်တို့   ပြည်သူလူထုကို   ပြောချင်တာ ကတော့ ဒီ PDF အကြမ်းဖက်အဖွဲ့ကို အထောက် အပံ့ပေးနေတဲ့ အဖွဲ့တွေအနေနဲ့ တစ်ခုခု  အရေးယူ တာတို့၊  သတင်းတွေနဲ့   ပတ်သက်ပြီး ဆောင်ရွက် တာမျိုးရှိရင် ပြည်သူလူထုကို အထင်မှားအမြင်မှား အောင် လူမှုရေးအရ၊  ဘာသာရေးအရ   အထင်မှား အမြင်မှားအောင်   သူတို့ဘက်က   ကာဗာယူပြီး ဆောင်ရွက်နေတာမျိုးကို       တွေ့ရတယ်လို့ပဲ ကျွန်တော် ပြောချင်ပါတယ်။” 


သတင်းစဉ်