
ဘားအံ နိုဝင်ဘာ ၃
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ကရင်ပြည်နယ် ဘားအံမြို့ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ဝန်ကြီးဌာန အရာ ထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကျွမ်းကျင် မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ဘားအံ)တွင် ဖွင့်လှစ်မည့်သင်တန်းများအတွက် သင်တန်းနေရာ နှင့် သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြင်ဆင် ထားမှု၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်လှစ်ပို့ချနေမှု၊ စာတွေ့လက်တွေ့ပို့ချနေမှု များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါသင်တန်း သားများအား တွေ့ဆုံ၍ အိမ်တွင်းလျှပ်စစ်သွယ်တန်း ခြင်းလုပ်ငန်းများကို ကြိုးစားသင်ယူကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကရင် ပြည်နယ် ဘားအံမြို့ရှိ အလုပ်သမားဝန်ကြီးဌာန အောက်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားရေးရာဆက်ဆံ ရေးဦးစီးဌာနများမှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တာဝန်ခံ အရာရှိများနှင့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံရာ ပြည်နယ်တာဝန်ခံများက လုပ်ငန်းဆောင် ရွက်ချက်များနှင့် ပတ်သက်ပြီး လက်ရှိလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ် ချက်များ ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ဌာနဆိုင်ရာအဖွဲ့အစည်းတွင် တာဝန် ထမ်းဆောင်နေသည့့် နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရန် အထူးလိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ တာဝန်ကျရာကဏ္ဍများတွင် အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လိုက်နာရန်တာဝန်ရှိကြောင်း၊ ဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်နှင့် အညီ လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက မိမိဝန်ကြီး ဌာန၏ မူလလုပ်ငန်းများ၊ ရည်မှန်းချက်များ အောင်မြင် ပြီးမြောက်ပြီး နိုင်ငံတော်အတွက်လည်း ကောင်းမွန် သည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း၊ ဝန်ထမ်း များအနေဖြင့် ပြည်သူများနှင့် ဆက်ဆံရာတွင် တတ်နိုင်သမျှ စိတ်ရှည်သည်းခံပြီး ချေငံစွာဆက်ဆံ ရန်လိုအပ်ကြောင်း၊ တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာခြင်း၊ လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းများကို ရှောင်ကြဉ် ရန်နှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း။
တာဝန်ခံဝန်ထမ်းများအနေဖြင့် မိမိတို့၏ရုံးများ စနစ်တကျရှိစေရေး ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ကြ ရန်နှင့် ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ နေထိုင်လုပ်ကိုင်တတ်သည့် အလေ့အကျင့်များရရှိအောင် ပြုစုပျိုးထောင်ပေး ရမည်ဖြစ်ကြောင်း ပြောကြားပြီး လိုအပ်သည်များ ကို လမ်းညွှန်မှာကြား ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်