ဝေဘာဂီအထူးကုဆေးရုံကြီး အဆင့်မီဆေးကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

 

ရန်ကုန်    နိုဝင်ဘာ    ၃ 

 


ရန်ကုန်မြို့  မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီအထူးကုဆေးရုံကြီး ဆေးကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်  ၉ နာရီတွင် ကျင်းပပြုလုပ်သည်။

 


 အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး   ဒုတိယဗိုလ်ချုပ် ကြီး အောင်လင်းဒွေး၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဆောက်လုပ်ရေး    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရန်ကုန်တိုင်းဒေသကြီး    ဝန်ကြီး ချုပ်    ဦးစိုးသိန်း၊   ရန်ကုန်တိုင်း စစ်ဌာနချုပ်   တိုင်းမှူး   ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊   အလှူရှင်   AW Foundation    မှ   ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊   ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။ 

 


ဖဲကြိုးဖြတ်ဖွင့်လှစ်


ရှေးဦးစွာ  ဆေးကုသဆောင် သစ်ကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊   ရန်ကုန် တိုင်းဒေသကြီး     ဝန်ကြီးချုပ်   ဦးစိုးသိန်း၊         ရန်ကုန်တိုင်း စစ်ဌာနချုပ်   တိုင်းမှူး  ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊  ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးနှင့်           အလှူရှင်  AW    Foundation   မှ   ဥက္ကဋ္ဌ ဦးသောင်းကြိုင်တို့က   ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး နိုင်ငံတော်       စီမံအုပ်ချုပ်ရေးကောင်စီ အတွင်း ရေးမှူး     ဒုတိယဗိုလ်ချုပ်ကြီး  အောင်လင်းဒွေးက  ဖွင့်ပွဲအထိမ်း အမှတ် ကြေးပြားကမ္ပည်းမော်ကွန်း ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ 

 


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေး မှူးနှင့် တာဝန်ရှိသူများက ကုသ ဆောင်သစ်    ကြေးပြားကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာရည် များ ပက်ဖျန်းပြီး အဆောက်အအုံ သစ်အတွင်း         မြေညီထပ်ရှိ သီးသန့်ကူးစက်  လူနာခန်းများ (Isolation  Room) ကိုလည်း ကောင်း၊     အောက်ဆီဂျင်စက်ရုံ (Oxygen   Plant)၊   800  KVA Transformer ၊ မီးစက်(Standby Genset)၊ ရေသန့်စင်စက် (Water Treatment   System)  တို့ကို လည်းကောင်း၊ ကုသဆောင်သစ် ပထမထပ်ရှိ    အထူးကြပ်မတ် ကုသခန်းများ၊    ဒုတိယထပ်ရှိ အောက်ဆီဂျင်ပေး၍    ကြီးကြပ် ကုသနိုင်သည့် လူနာခန်းများနှင့် ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ် များကိုလည်းကောင်း လှည့်လည် ကြည့်ရှုကြသည်။ 

 


အဖွင့်အမှာစကားပြောကြား


ထို့နောက် ဖွင့်ပွဲအခမ်းအနား မဏ္ဍပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ    အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး   အောင်လင်း ဒွေးက       အဖွင့်အမှာစကား ပြောကြားရာတွင်    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉    ကပ်ရောဂါအပြင် ကူးစက်ရောဂါများ၊ မကူးစက်နိုင် သောရောဂါများ ကာကွယ်နှိမ်နင်း ရေး၊ ကျေးလက်မြို့ပြ သာတူညီမျှ ကျန်းမာရေး  စောင့်ရှောက်မှုများ ရရှိနိုင်ရေး၊  ပြည်သူများ နိုင်ငံ တကာအဆင့်မီ   ဆေးဝါးကုသမှု များ      ရရှိနိုင်ရေးတို့အတွက် ဦးဆောင်လမ်းညွှန်မှု၊      ပံ့ပိုးမှု များ    ဆောင်ရွက်ပေးနေသကဲ့သို့ ကျန်းမာရေးဝန်ထမ်းများ    အပါ အဝင်          နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းရည်တိုးတက်မြင့်မားရေးကိုလည်း ဦးတည်ချက်ထားပြီး ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏       ရှေ့ လုပ်ငန်းစဉ်   (၅)  ရပ်နှင့်အညီ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ကို အရှိန်အဟုန်မပျက် ဆောင် ရွက်နေပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့်   မိတ်ဆွေ နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့်    ကိုဗစ်-၁၉ ကပ်ရောဂါ      လှိုင်းများအတွင်း မြန်မာနိုင်ငံသားများ၏   အသက် ပေါင်းများစွာ      အန္တရာယ်ကင်း အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 


ယနေ့ဖွင့်လှစ်သည့်   ကုသ ဆောင်သစ်၌ ရောဂါပိုးကူးစက်မှု ကို ကာကွယ်နိုင်သည့် အထူး လေဖိအားစနစ်    တပ်ဆင်ထား သည့်အခန်းများ၊   လူနာများကို ၂၄   နာရီ     စောင့်ကြပ်ကြည့်ရှု နိုင်သည့်     စနစ်များပါဝင်သော နိုင်ငံတကာအဆင့်မီ   ကုသခန်း များ၊    ဓာတ်ခွဲခန်းများပါဝင်ပြီး ဝေဘာဂီအထူးကု   ဆေးရုံကြီးကို လည်း   Infectious   Disease Institute အဖြစ် ကုသရေးအပြင် သုတေသနနှင့်     သင်ကြားရေး လုပ်ငန်းများပါ ဆောင်ရွက်နိုင်မည့် Center   အဖြစ်   တိုးမြှင့်ဆောင် ရွက်နိုင်မည်   ဖြစ်သည့်အတွက် ကူးစက်ရောဂါ      ကာကွယ်၊ ထိန်းချုပ်၊    ကုသရေးလုပ်ငန်း များကို  တိုးတက်ဆောင်ရွက်နိုင် မည့်အပြင်         ရောဂါကူးစက်မှု အခြေအနေများကို    လေ့လာ၍ သုတေသနပြု       ဆောင်ရွက်ရန် များစွာအထောက်အကူ ရနိုင်မည် ဖြစ်ပါကြောင်း။

 


နိုင်ငံတော်    အကြီးအကဲက နေရောင်ခြည်စွမ်းအင်သုံး(Solar)စနစ်မှလည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်၍ အကျိုးရှိစွာ အသုံးချ ရေး ကြိုးစားဆောင်ရွက်သွားရန် လမ်းညွှန်ချက်နှင့်အညီ ပြန်လည် ပြည့်ဖြိုးမြဲ        စွမ်းအင်ဖြစ်သော နေရောင်ခြည်စွမ်းအင်သုံး(Solar) လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စနစ်ကို ထည့်သွင်းတပ်ဆင်ထား သဖြင့် စွမ်းအင်ချွေတာသုံးစွဲရေး နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ် လွှတ်မှု   အနည်းဆုံးဖြစ်စေရန် ဆောင်ရွက်နိုင်မည့်         ရှေ့ပြေး ဆောင်ရွက်ချက်   တစ်ခုဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနအောက် ရှိ ဆေးရုံများတွင်လည်း အသုံးပြု နိုင်ရေးအတွက်    စီမံချက်များ ရေးဆွဲပြီး စတင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံများ တွင် ပြည်သူလူထုမှ ကျန်းမာရေး စောင့်ရှောက်မှုခံယူရာ၌ စိတ်အေး ချမ်းသာစွာ  ဆေးကုသမှုခံယူနိုင် ရန်နှင့်    ကုသမှုအရည်အသွေး မြင့်မားလာစေရေး   အထောက် အကူဖြစ်စေရန် ခေတ်မီဆေးရုံ အဆောက်အအုံများ၊    ခေတ်မီ ဆေးရုံသုံး   စက်ပစ္စည်းကိရိယာ များကို         နိုင်ငံတော်အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိသည့်အပြင်    ပြည်သူလူထု အနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ AW Foun-dation က ဆောက်လုပ်လှူဒါန်း သည့်    ဝေဘာဂီအထူးကုဆေးရုံ ကြီး၏ ကုသဆောင်သစ်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း။

 


အကျိုးရှိရှိ အသုံးပြု


နိဂုံးချုပ်အနေဖြင့်    ကုသ ဆောင်သစ်  အဆောက်အအုံဖွင့်ပွဲ အခမ်းအနားမှသည် ပြည်သူများ အားထားယုံကြည်ရသည့် ပြည်သူ့ ဆေးရုံကြီးအဖြစ်    ဆက်လက် ရပ်တည်နိုင်ပြီး နိုင်ငံတော်က ဖန်တီး ဖော်ဆောင်ပေးနေသည့်  ကျန်းမာ ရေးစောင့်ရှောက်မှု အကျိုးရလဒ် ကောင်းများကို         အကျိုးရှိရှိ အသုံးပြုကာ ပြည်သူများ ကိုယ်စိတ် နှစ်ဖြာ  ကျန်းမာကြံ့ခိုင်၍  နိုင်ငံ တော်  ဘက်စုံဖွံ့ဖြိုးတိုးတက်သည် ထက် တိုးတက်လာစေရန်  ကြိုးပမ်း ဆောင်ရွက်နိုင်ကြပါစေကြောင်း    ဆုမွန်ကောင်းတောင်းပါကြောင်း     ပြောကြားခဲ့သည်။

 


ဝေဘာဂီအထူးကုဆေးရုံကြီး ၏ ကုသဆောင်သစ်ကို ၂၀၂၁ ခုနှစ်    ဇန်နဝါရီလတွင်    စတင်တည် ဆောက်၍ ၂၀၂၂   ခုနှစ် စက်တင် ဘာလကုန်တွင် ပြီးစီးခဲ့ပြီး  ငွေကျပ်    ၆၂၁၇၇၁၉၀၀၀ နှင့်  အမေရိကန် ဒေါ်လာ ၃၀၄၈၄၇၉ အကုန်အကျ ခံကာ   AW   Foundation  မှ တစ်ဦးတည်း   အလှူရှင်အဖြစ်      လှူဒါန်းခဲ့ကြောင်း   သိရသည်။ 

 


ယင်းနောက်    ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း က    ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေး     စောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်မှု    အခြေ အနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။    

 


ဆက်လက်၍ AW Founda-tion ဥက္ကဋ္ဌ ဦးသောင်းကြိုင်က Foundation   ဖြစ်ပေါ်လာပုံနှင့် အဆောက်အအုံသစ် ဆောက်လုပ် လှူဒါန်းရခြင်း     အကြောင်းကို ရှင်းလင်းတင်ပြသည်။     

 


လွှဲပြောင်းပေးအပ်


ထို့နောက် AW Foundation ဥက္ကဋ္ဌက   အဆောက်အအုံသစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်း များ၊ မှတ်တမ်းများကို ကုသရေး ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ   မြတ်ဝဏ္ဏစိုး   ထံသို့ လွှဲပြောင်းပေးအပ်ပြီး ညွှန်ကြားရေး မှူးချုပ်က AW Foundation သို့      အမှတ်တရ  ပန်းခြင်းလက်ဆောင် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို   ပြန်လည်ပေးအပ်သည်။ 

 


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေး မှူးနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တိုးချဲ့ခုနစ်ထပ်ဆောင် ဆောက်လုပ်ရေး   လုပ်ငန်းခွင်သို့ ရောက်ရှိပြီး   အတွင်းရေးမှူးက စံချိန်စံညွှန်းနှင့်အညီ သတ်မှတ် ကာလအတွင်း    ပြီးစီးအောင် တည်ဆောက်ရေး၊    နိုင်ငံတော် ဘဏ္ဍာငွေ    လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့်   တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း        ဘေး အန္တရာယ်ကင်းရှင်းအောင်    စီမံ ဆောင်ရွက်ရေးတို့ကို   လမ်းညွှန် မှာကြားပြီး မကြာမီဖွင့်လှစ်တော့ မည့်    ကြည့်မြင်တိုင်မြို့နယ်ရှိ အရိုးရောဂါအထူးကုဆေးရုံကြီး၊ တိုးချဲ့        ငါးထပ်ဆောင်သစ် တည်ဆောက်ပြီးစီးမှုကို   လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ် သည်များ    လမ်းညွှန်မှာကြားသည်။                    

သတင်းစဉ်