မိမိနိုင်ငံနှင့် မိမိဒေသအတွက် အားကိုးရသည့် ခေတ်ပညာတတ်များဖြစ်စေရန် အသိပညာများ လေ့လာသင်ယူကြရမည်

 

နေပြည်တော်   နိုဝင်ဘာ   ၃ 


မိမိနိုင်ငံနှင့်      မိမိဒေသအတွက် အားကိုးအားထားရသည့်  ခေတ် ပညာတတ်လူငယ်များ  ဖြစ်စေရန် နှင့် အတတ်ပညာအသိပညာများ ကို  လေ့လာသင်ယူကြရမည်ဖြစ် ကြောင်း၊ သင်တန်းသား သင်တန်း သူများအနေဖြင့်    သင်တန်းကို ပြီးမြောက်အောင်  သင်ယူကြစေ လိုကြောင်း ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ  စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းက ပြော ကြားသည်။

 


ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌     ယနေ့ နံနက်   ၁၀ နာရီက  ကျင်းပသည့် ၂၀၂၂-၂၀၂၃  ပညာသင်နှစ်၊ ပြည် ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပညာရေး ဘွဲ့(B.Ed) (၅)နှစ် သင်တန်းအမှတ် စဉ်(၁၀)သင်တန်းနှင့် ပြည်ထောင် စုတိုင်းရင်းသားလူငယ်များ  စွမ်း ရည်ဖွံ့ဖြိုးရေး    ဒီဂရီကောလိပ် (ပထမ)  နှစ် (ရန်ကုန်၊ စစ်ကိုင်း)သင်တန်းသို့   တက်ရောက်မည့်   သင်တန်းသား သင်တန်းသူများနှင့်  တွေ့ဆုံစဉ်    ထိုသို့ပြောကြားခဲ့ သည်။ 

 


ထို့နောက်     နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုး ရေးသင်တန်းကျောင်း  ကျောင်း အုပ်ဆရာကြီး   ဦးအုန်းကြိုင်နှင့် ဒေသအဆင့်ပညာရေးမှူး ဦးခင် ဇော်ထွန်းတို့က    သင်တန်းသား သင်တန်းသူများကို အမှာစကား များ ပြောကြားသည်။  

 


ယင်းနောက်    ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌက  နိဂုံးချုပ်အမှာ စကားပြောကြားကာ    သင်တန်း သား  သင်တန်းသူများအား  နှုတ် ဆက်အားပေး စကားပြောကြားပြီး  တွေ့ဆုံပွဲကို     ရုပ်သိမ်းလိုက် သည်။ 

 


အဆိုပါ    သင်တန်းများသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ သင်တန်းသား     သင်တန်းသူ   ၃၁ ဦး တက်ရောက် သင်ကြားမည် ဖြစ်သည်။                    


 သတင်းစဉ်