“တူယှဉ်နွှဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 အုပ်စု(င) ပွဲစဉ်(၁၀)ကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ပြသမည်

 

နေပြည်တော်    နိုဝင်ဘာ   ၂


(၇၅)နှစ်မြောက်   စိန်ရတုလွတ်လပ်ရေးနေ့ကို    ကြိုဆိုဂုဏ်ပြုသော အားဖြင့် “တူယှဉ် နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ပွဲစဉ်(၁၈)ပွဲဖြင့်    စက်တင်ဘာ ၂ ရက်နေ့မှ   စတင်ပြီး   အပတ်စဉ် သောကြာနေ့ ညတိုင်း ကျင်းပလျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်အထိကျင်းပ မည်ဖြစ်သည်။ 

 


အဆိုပါပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များအဖြစ် ထပ်ဆင့်အကယ်ဒမီ ချိုပြုံး၊ စန္ဒရားမျိုးနိုင်နှင့်  တေးသံရှင်ခိုင်ဝါတို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး မြန်မာ့အသံတေးဂီတအဖွဲ့နှင့် တွဲဖက်၍ သရုပ်ဆောင်/တေးသံရှင်များ ဖြစ်ကြသည့် ဝေလျှံနှင့် သဉ္ဇာမြင့်မိုရ်တို့က အစီအစဉ်တင်ဆက်သူများ အဖြစ် ဆောင်ရွက်ကြမည် ဖြစ်သည်။

 


ယင်းပြိုင်ပွဲသို့  နေပြည်တော်၊  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးချယ်ထားသည့် ပြိုင်ပွဲဝင် သုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦး ပါဝင်ယှဉ်ပြိုင် လျက်ရှိပြီး ပြိုင်ပွဲ၏ အုပ်စု(င) ပွဲစဉ်(၁၀)ကို နိုဝင်ဘာ ၄ ရက်သောကြာနေ့  ညတွင်   ယှဉ်ပြိုင်ကြမည်ဖြစ်ရာ   ရခိုင်ပြည်နယ်မှ   မျိုးဆက်နွယ်၊ ချင်းပြည်နယ်မှ သူဇာမြင့်မိုရ်၊ ကယားပြည်နယ်မှ ရတနာဝင်းမြာ၊ကချင် ပြည်နယ်မှ မေဇီ၊ မွန်ပြည်နယ်မှ ရွှေစင်ကြယ်၊ တနင်္သာရီတိုင်းဒေသကြီးမှ ခင်ပြည့်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြည့်ဖြိုးအောင်၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ရေဂျီနားနှင့် ရှမ်းပြည်နယ်မှ ဖြိုးပြည့်ပြည့်မောင် စုစုပေါင်း ပြိုင်ပွဲဝင် ကိုးဦးတို့၏  စိတ်ကြိုက်တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင် ကြပုံများကို ယင်းနေ့ ည ၈ နာရီ သတင်းများအပြီးတွင် MRTV – HD မှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ တင်ဆက်မှုကို နိုဝင်ဘာ ၆ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခန့်တွင် ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။

                  
  သတင်းစဉ်