
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ စက်သုံးဆီတင်သွင်းမှု အခြေ အနေမှာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal များ တွင် ဓာတ်ဆီ 92 Ron ၁ ဒသမ ၆၀၃ ဂါလန်သန်း၊ ဓာတ်ဆီ 95 Ron ၀ ဒသမ ၈၈ ဂါလန်သန်းနှင့် ရိုးရိုးဒီဇယ်ဆီ ၁ ဒသမ ၆၂၂ ဂါလန်သန်း တင်ဆောင်လာသည့် MT Yu Dong သင်္ဘောသည် ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၆၇ ဂါလန်သန်း တင်ဆောင်လာသည့် MT Intan Premier သင်္ဘော၊ ရိုးရိုးဒီဇယ်ဆီ ၁ ဒသမ ၉၂၂ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၁၃၆ ဂါလန် သန်း တင်ဆောင်လာသည့် MT YU YI သင်္ဘောတို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ရန်ကုန်၊ သီလဝါဆီလှောင်ကန်လက်ကျန်များ၊ စက်သုံးဆီ အရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန်အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိကြောင်း စိစစ်တွေ့ရှိရသည်။
စက်သုံးဆီဈေးနှုန်းများအနေဖြင့် ယခုရက်သတ္တပတ်တွင် ဓာတ်ဆီ ဈေးနှုန်း အနည်းငယ်မြင့်တက်ပြီး ဒီဇယ်ဆီဈေးနှုန်း အနည်းငယ် ကျဆင်းကြောင်း တွေ့ရှိရပါသည်။
သတင်းအရင်းအမြစ် - စီးပွား/ကူးသန်း