နျူကလီးယားလက်နက်ကင်းစင်သောကမ္ဘာကြီးဖြစ်စေရန် ဂျပန်နိုင်ငံ၏ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂပထမကော်မတီ တည်ပြု

 

ဂျီနီဗာ   နိုဝင်ဘာ   ၁ 


ကုလသမဂ္ဂကော်မတီအဖွဲ့ တစ်ဖွဲ့ သည်    နျူကလီးယားလက်နက်  ကင်းစင်သောကမ္ဘာကြီးဖြစ်စေရန်   ရည်ရွယ်ထားသည့် ဂျပန်နိုင်ငံ၏ ဆုံးဖြတ်ချက်     မူကြမ်းတစ်ခုကို အတည်ပြုခဲ့သည်။    ဂျပန်နိုင်ငံ သည် အဆိုပါဆုံးဖြတ်ချက်မူကြမ်း များကို    နှစ်စဉ်      တင်သွင်းလေ့ ရှိသည်။ 

 


အောက်တိုဘာ  ၃၁  ရက်က ကုလသမဂ္ဂအထွေထွေညီလာခံ၏ ပထမကော်မတီ    (လက်နက် ဖျက်သိမ်းရေးနှင့်     နိုင်ငံတကာ လုံခြုံရေးကော်မတီ)  ၌  အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို ၁၃၉ နိုင်ငံ က ထောက်ခံခဲ့သည်။ ထောက်ခံ သည့်   နိုင်ငံအရေအတွက်သည် လွန်ခဲ့သောနှစ်ထက်  ၁၃  နိုင်ငံ လျော့နည်းခဲ့သည်။ 

 


ဂျပန်နိုင်ငံသည် အဏုမြူဗုံး ဒဏ်ကို    ခံစားခဲ့ရသော    တစ်ခု တည်းသော        နိုင်ငံဖြစ်သည်။ ထို့ကြောင့် ကုလသမဂ္ဂအထွေထွေ  ညီလာခံ၏    ပထမကော်မတီက အဆိုပါ   စာတမ်းကို   ၂၉   နှစ် ဆက်တိုက်       အတည်ပြုခဲ့ခြင်း ဖြစ်သည်။ 
နျူကလီးယား   လက်နက်ပိုင် ဆိုင်သောနိုင်ငံများကို နျူကလီး ယား လက်နက်များအသုံးမပြုရန်  အဆိုပါ ဆုံးဖြတ်ချက်တွင် ဆက် လက်ဖော်ပြထားသည်။ 

 


ထို့အပြင်       အဆိုပါမူကြမ်း၌  အဏုမြူဗုံး   ဒဏ်ခံစားခဲ့ရသော ဟီရိုရှီးမားနှင့်     နာဂါဆာကီမြို့ များသို့      လာရောက်လည်ပတ် ရန်        နိုင်ငံခေါင်းဆောင်များ နှင့်   လူငယ်များကို      ဖိတ်ခေါ် ထားသည်။ 

 


ဂျပန်နိုင်ငံက တင်သွင်းသော အဆိုပါမူကြမ်းကို    ကုလသမဂ္ဂ လက်နက်တားမြစ်ရေးသဘောတူ စာချုပ်တွင်    ပထမဆုံးအကြိမ် ထည့်သွင်း ဖော်ပြခဲ့သည်။ 


အင်န်အိတ်ချ်ကေ