မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးနှင့် မဲရုံများလျာထားသတ်မှတ်ခြင်း ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ    ၁


သရက်ခရိုင်အတွင်းရှိ  ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်  နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအား ဥပဒေနှင့်အညီ အောက်တိုဘာလကုန်အထိ လစဉ်စိစစ်ပြုစုထားသည့် လူဦးရေစာရင်းများကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊   လူဝင်မှုကြီးကြပ်ရေးနှင့်    ပြည်သူ့အင်အားဝန်ကြီးဌာနနှင့်   သရက်ခရိုင်အတွင်းရှိ သရက်မြို့နယ်၊ ကံမမြို့နယ်၊ မင်းတုန်းမြို့နယ်၊ မင်းလှမြို့နယ်တို့ရှိ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက ပူးပေါင်းစိစစ်ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


 အစည်းအဝေးတွင် သရက်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရွေးကောက်ပွဲအရာရှိက သရက်မြို့နယ်၊ ကံမမြို့နယ်၊ မင်းတုန်းမြို့နယ်နှင့် မင်းလှမြို့နယ်များ၏ အခြေခံမဲဆန္ဒရှင်စာရင်းများ လစဉ်စိစစ်ဆောင်ရွက် မှုနှင့် စပ်လျဉ်းပြီး အောက်တိုဘာလအထိ တင်ပြရာ -


 (၁)    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စိစစ်ချက်အရ
     (က)    သေဆုံး၊ ပြောင်းထွက်၊ (၂) ကြိမ်ထပ်၊ (၃) ကြိမ်ထပ်တို့မှလျော့သည့် လူဦးရေ ၁၅၈၈ ဦး
    (ခ)    လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန  လက်ကျန်စာရင်းမှ  ပြန်လည် ထည့်သွင်းသည့် ထပ်တိုးလူဦးရေ ၃၇၂ ဦး
     (ဂ)    အောက်တိုဘာလအတွင်း မြေပြင်လူဦးရေ ၃၇၁၀၇၅ ဦး
(၂)    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စိစစ်ချက်အရ
     (က)    မြေပြင်ထပ်တိုး
        -    ပုံစံ(၆၆/၆) ရှိသူ    (၁၉၁၃)ဦး
        -    ပုံစံ(၆၆/၆) အခြားနှင့် (၆၆/၆)မရှိသူ     (၈၈၅) ဦး
            စုစုပေါင်းမြေပြင်ထပ်တိုး    (၂၇၉၈)ဦး
     (ခ)    မြေပြင်တွင်လျော့သည့်ဦးရေ
        -    ပုံစံ(၆၆/၆) ရှိသူ    (၂၅၉၉)ဦး
        -     ပုံစံ(၆၆/၆) အခြားနှင့် (၆၆/၆)မရှိသူ    (၁၇၄) ဦး
            စုစုပေါင်းမြေပြင်လျော့သည့်ဦးရေ    (၂၇၇၃)ဦး
မဲရုံတည်နေရာနှင့် မဲရုံအရေအတွက်လျာထားမှု ၄၅၈ ရုံ လျာထားသတ်မှတ်ထားကြောင်းနှင့် မဲရုံသုံးပစ္စည်းလိုအပ်ချက်တို့ကို တင်ပြဆွေးနွေးသည်။

 


၎င်းနောက် တက်ရောက်လာကြသော ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက အကြံပြု ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးမင်းမင်းဦးတို့က လုပ်ငန်းလိုအပ်ချက် များကို ဖြည့်စွက်မှာကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                  

သတင်းစဉ်