
နေပြည်တော် နိုဝင်ဘာ ၁
သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးထွန်းအုံသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) စက်မှုဇုန်ရှိ National Wood Industry လီမိတက်၏ သစ်အခြေခံ အချောထည်စက်ရုံ သို့ သွားရောက်၍ စက်ရုံအတွင်း ကျွန်းသစ်လုံးများ တင်ဒါစနစ်ဖြင့် ဝယ်ယူစုဆောင်းထားရှိမှု၊ ခေတ်မီ စက်များအသုံးပြု၍ အဆင့်ဆင့် ခွဲစိတ်ဖြတ်တောက်မှု၊ အရွယ် အစား အမျိုးအစားအလိုက် အချောထည် ထုတ်လုပ်မှု၊ ဘေးထွက်ပစ္စည်းများကို စွန့်ပစ်မှု မရှိရအောင် အဆင့်မြင့်နည်း ပညာနှင့် ခေတ်မီစက်ကိရိယာ အသုံးပြု၍ ပြည်ပပို့ သစ်အချော ထည်များအဖြစ် ထုတ်လုပ်နေမှု တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။(အပေါ်ပုံ)
ထို့နောက် စက်ရုံရှင်းလင်း ဆောင်တွင် အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ဝင်းက National Wood Industry လီမိတက်အနေဖြင့် သင်္ဘောကိုယ်ထည်နှင့် ကြမ်းခင်း တွင် အသုံးပြုသည့် သစ်အချော ထည် (Decking) အပါအဝင် သစ်အချောထည် ပစ္စည်းများကို ထုတ်လုပ်တင်ပို့လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သစ်အချော ထည် ၈၄၆ ဒသမ ၂၇ ကုဗတန်၊ ၂၀၂၁-၂၀၂၂ ခြောက်လ ဘဏ္ဍာ နှစ်တွင် သစ်အချောထည် ၈၃၃ ဒသမ ၃၈ ကုဗတန်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၈၁၆ ဒသမ ၅၇ ကုဗတန်ကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ပါကြောင်း၊ ယခုလည်း ဆက်လက်တင်ပို့လျက်ရှိကြောင်း၊ ထို့ပြင် ထုတ်လုပ်မှုအဆင့်ဆင့်မှ ထွက်ရှိလာသည့် ဘေးထွက် ပစ္စည်းများကိုလည်း အဆင့်မြင့် နည်းပညာအသုံးပြု၍ သစ်အခြေခံ အချောထည်များအဖြစ် ထုတ်လုပ် လျက်ရှိကြောင်းနှင့် သစ်အခြေခံ အချောထည် ပစ္စည်းများအား ပြည်ပသာမက ပြည်တွင်းလိုအပ် ချက်များအတွက်ပါ ဖြည့်ဆည်း ပေးလျက်ရှိပါကြောင်း ရှင်းလင်း တင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယ ဝန်ကြီးက ပြည်သူများ အလုပ် အကိုင်အခွင့်အလမ်း ပိုမိုရရှိစေ ရေးနှင့် အရည်အသွေးမြင့် မြန်မာ့ ကျွန်းသစ်အခြေခံ အချောထည် ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပ စျေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင် ရေး ဆောင်ရွက်သွားရန် မှာကြား သည်။ MSME လုပ်ငန်းတစ်ခု ဖြစ်သည့် National Wood Industry လီမိတက်သည် မြန်မာ့ ကျွန်းသစ်အခြေခံ အချောထည် များကို ပြည်ပနိုင်ငံများသို့ နှစ်စဉ် တင်ပို့လျက်ရှိပြီး ပြည်ပစျေးကွက် များသို့ ပိုမိုတင်ပို့နိုင်ရေး MSME ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး အတွက် ဝန်ကြီးဌာနနှင့် သက်ဆိုင် ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်