မိုင်းယုမြို့၌ ရိုးရာဓလေ့ဆင်ဆွဲပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

 

မိုင်းယု   နိုဝင်ဘာ   ၁


ရှမ်းပြည်နယ်         အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်     မိုင်းယုမြို့ ကျေးလက်ဒေသရှိ       ဒေသခံ ရှမ်းတိုင်းရင်းသားတို့သည် မိမိတို့  ဒေသ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆန်ရေစပါး၊    ကောက်ပဲသီးနှံ၊  စီးပွားရေးလာဘ်လာဘ  တိုးတက် ကောင်းမွန်စေရန်နှင့်   သဘာဝ ဘေးကပ်ဆိုးများ      ဆိုက်ကပ်မှု မရှိစေရန်အတွက်     ရည်စူး၍ တစ်နှစ်လျှင်  တစ်ရွာစီဖြင့် ကျင်းပ လေ့ရှိသည့် ရိုးရာဓလေ့ ဆင်ဆွဲ ပွဲတော်ပွဲ ရေစက်ချအလှူ မင်္ဂလာ ပွဲကို ယနေ့နံနက်ပိုင်းက ဝမ်တာ ကြန့်ကျေးရွာအုပ်စု   နမ့်ကုတ် ကျေးရွာရှိ    ဘုန်ကြီးကျောင်း၌ စည်ကားသိုက်မြိုက်စွာ   ကျင်းပ သည်။

 


ဆင်ဆွဲပွဲတော်ကို      လှူဒါန်း လိုသည့် ရပ်ကွက်၊ ကျေးရွာများမှ တိုင်းရင်းသားတို့က     အစုအဖွဲ့ လိုက်သော်လည်းကောင်း၊ အလှ တန်ဆာ      ဆင်ယင်ထားသည့်  ဆင်ရုပ်များပြုလုပ်ပြီး     အလှူပွဲ ကျင်းပသည့်   ကျောင်းတိုက်သို့ ဆွဲ၍      ပို့ဆောင်လှူဒါန်းခြင်း၊ အလှူပုံးများဖြင့် စုပေါင်းလှူဒါန်း ခြင်းနှင့် လှူဖွယ်ဝတ္ထုတို့အတွက် ရေစက်ချအမျှဝေခြင်းများ ပြုလုပ် ခဲ့ကြသည်။

 


ထိုပွဲတော်သို့    လာရောက် လည်ပတ်သော ဧည့်သည်တော် များကိုလည်း       ရိုးရာအစား အသောက်များနှင့်    အလှူကျ ကျေးရွာ      တိုင်းရင်းသားများက ပျူငှာစွာ       တည်ခင်းဧည့်ခံ ကျွေးမွေးခြင်း၊    ညပိုင်းတွင် တိုင်းရင်းသားတို့၏        ရိုးရာ အကအလှများဖြင့်       ဖျော်ဖြေ       တင်ဆက်ပေးခြင်း၊ ဈေးရောင်း     ဈေးဝယ်များနှင့် ပွဲလည်ပတ်သူ များဖြင့်  အထူးစည်ကားကြောင်း သိရသည်။  

                                                                   
ကိုကိုနိုင်