
ရန်ကုန် အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ ဆင်မကြီး မိုမို၏ (၆၉)နှစ်မြောက်မွေးနေ့ပွဲ ကို ယနေ့ နံနက် ၉ နာရီခွဲက ဆင်အပေါင်းအပါ များနှင့်အတူ မွေးနေ့သစ်သီးကိတ် ခွဲခြင်းကို ပြုလုပ်သည်။
ဆင်မကြီးမိုမိုသည် ရန်ကုန် တိစ္ဆာန်ဥယျာဉ်သို့ ၁၉၆၁ ခုနှစ် အသက် ၈ နှစ် အရွယ်ခန့်တွင် စတင်ရောက်ရှိလာပြီး တိရစ္ဆာန် ဥယျာဉ်သို့ လာရောက်လည် ပတ် သူများကို အကအလှများ ဖြင့် ဖျော်ဖြေတင်ဆက်ပေးသည်။
ဆင်မကြီးမိုမို၏ (၆၉) နှစ်မြောက်မွေးနေ့ပွဲ အထိမ်းအမှတ် အဖြစ် တေးဂီတဖျော်ဖြေပွဲများ ကျင်းပခြင်း၊ မျက်လှည့်ပြပွဲများ၊ဓာတ်ပုံပြပွဲများ ကျင်းပခြင်း၊ မြန်မာ့ရိုးရာ အကအလှများ ကပြခြင်း၊ ရုပ်သေးအလှပြခြင်း၊ တိရစ္ဆာန်လေးများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းနှင့် ကလေး များအတွက် ပျော်ပွဲရွှင်ပွဲအခမ်း အနားများကို အောက်တိုဘာ ၃၀ ရက်အထိ ကျင်းပပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စန္ဒာမိုး