ကရင်ပြည်နယ်အတွင်း သဘာဝဘေးကြုံတွေ့ရလေ့ရှိသည့် ကျေးရွာအုပ်စု ၂၃ အုပ်စုသို့ တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးအပ်

 

ဘားအံ အောက်တိုဘာ ၂၉


ကရင်ပြည်နယ်အတွင်း   သဘာဝ ဘေး      ကြုံတွေ့ရလေ့ရှိသည့် ကျေးရွာအုပ်စု ၂၃ အုပ်စုမှ ကျွဲနွား ကောင်ရေ ၃၄၁၄ ကောင်အတွက် ငွေကျပ်   ၂၃၈  ဒသမ   ၈  သိန်း တန်ဖိုးရှိ အစာနုအိတ် ၆၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 


ကရင်ပြည်နယ်     အတွင်း သဘာဝဘေး     ကြုံတွေ့ရလေ့ ရှိသည့်  ကျေးရွာအုပ်စု  ၂၃  အုပ်စု သို့     တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးအပ်သည့်  အခမ်း အနားကို   ယနေ့နံနက်ပိုင်းတွင်  ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပ ပြီး  ထိုသို့ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

 


အခမ်းအနားတွင်       ကရင် ပြည်နယ်ဝန်ကြီးချုပ်   ဦးစောမြင့် ဦးက   မွေးမြူသူတောင်သူများ အနေဖြင့်  ရရှိလာသည့်တိရစ္ဆာန် အစာအိတ်များကို  အလေအလွင့် မရှိအောင်  စနစ်တကျ အသုံးပြု ကြစေလိုကြောင်း   ပြောကြားပြီး        ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်       တရားလွှတ်တော် တရားသူကြီး ချုပ် ဒေါ်ခင်ဆွေထွန်းနှင့်  ပြည်နယ် အစိုးရအဖွဲ့ဝင်များက   မွေးမြူရေး တောင်သူများကို   တိရစ္ဆာန်အစာ အိတ်များ    ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သိရသည်။ 

 


ဆက်လက်၍   (၆၇)   နှစ် မြောက်        ကရင်ပြည်နယ်နေ့ ကို   ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုးပွားသဘာဝမြေဩဇာစက်ရုံ ဖွင့်ပွဲအခမ်းအနားကို        ဘားအံ မွေးမြူရေးဇုန်အတွင်းရှိ   အဆိုပါ စက်ရုံတည်နေရာ၌    ကျင်းပရာ ကရင်ပြည်နယ်        ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊   ပြည်နယ်တရား လွှတ်တော်  တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်ဝန်ကြီး များနှင့် တာဝန်ရှိသူတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။

 


ထို့နောက်   ပြည်နယ်ဝန်ကြီး ချုပ်သည်          သဘာဝမြေဩဇာ လာရောက်ဝယ်ယူအားပေးနေမှု၊ တိရစ္ဆာန်        စွန့်ပစ်ပစ္စည်းများနှင့်  စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ်       အသုံးပြု၍ သဘာဝမြေဩဇာထုတ်လုပ်မှုတို့ကိုကြည့်ရှုကြသည်။     

 


ယင်းနောက်            ပြည်နယ် ဝန်ကြီးချုပ်၊          ပြည်နယ်တရား လွှတ်တော်   တရားသူကြီးချုပ်၊  ပြည်နယ်  အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က     ဩဇာမင်း သဘာဝမြေဩဇာ          စက်ရုံကို  ဖဲကြိုးဖြတ်    ဖွင့်လှစ်ပေးကြပြီး   စက်ရုံအတွင်း   ကြည့်ရှုကြသည်။

 


အဆိုပါ    သဘာဝမြေဩဇာ စက်ရုံဖွင့်ပွဲ အခမ်းအနားများတွင် ကရင်ပြည်နယ်       ဝန်ကြီးချုပ်က ဘေးထွက်ဆိုးကျိုးများ  မရှိသည့် သဘာဝ         မြေဩဇာများကို တွင်ကျယ်စွာ          အသုံးပြုသင့် ကြောင်း၊   ဈေးနှုန်းအနေဖြင့် တောင်သူများအားလုံး   ဝယ်ယူ အသုံးပြုနိုင်သည့် အခြေအနေဖြစ် ကြောင်း၊ သဘာဝမြေဩဇာစက်ရုံ များ   ဖွင့်လှစ်နိုင်ခြင်းဖြင့်   စိုက်ပျိုး မွေးမြူရေးကဏ္ဍကို         ဖွံ့ဖြိုး တိုးတက်စေပြီး   အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေမည်ဖြစ် ကြောင်း၊  ထုတ်ကုန်များ  တိုးမြှင့် ရောင်းချနိုင်ရေး          ဈေးရောင်း ပွဲတော်များ၊  ပြခန်း၊   ပြပွဲများ ဆက်လက်     ဆောင်ရွက်သွားကြစေလိုကြောင်း  ပြောကြားသည်။ 


သတင်းစဉ်