အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

 

နေပြည်တော်   အောက်တိုဘာ  ၂၉ 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ မှ ဒီဇင်ဘာလ ၁၀ ရက်အတွင်း ကျရောက်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အဖြစ်   အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို  “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး      အားလုံးပေါင်းစုလှုပ်ရှားပေး” ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။
ပြိုင်ပွဲဝင်ဆောင်းပါးကို အမျိုးသမီးအခွင့်အရေးနှင့် အမျိုးသမီး များအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် စပ်လျဉ်းသည့် အကြောင်းအရာများဖြင့် အောက်ဖော်ပြပါ စည်းကမ်းချက်များနှင့် အညီ ရေးသားပေးပို့ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-
(က)    ပြိုင်ပွဲတွင် မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။
(ခ )    ပြိုင်ပွဲဝင်များသည်   သတ်မှတ်ထားသောခေါင်းစဉ်အောက်မှ  မိမိကြိုက်နှစ်သက်ရာပုံစံဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
(ဂ )    ပြိုင်ပွဲဝင်ဆောင်းပါးများကို A4 ဆိုက် စာမျက်နှာအနည်းဆုံး ၁၀ မျက်နှာမှ  အများဆုံး ၁၅ မျက်နှာအထိ ရေးသားယှဉ်ပြိုင် ရမည်ဖြစ်သည်။
(ဃ)    ကွန်ပျူတာစာလုံး  Myanmar  Unicode (Pyidaungsu Font) စာလုံးအရွယ်အစား-၁၄ (Font Size 14 ) စာကြောင်း အကွာအဝေး ၁.၅ (Line Spacing 1.5)၊  စာရွက်ဘောင်ဆိုက် ၁ လက်မပတ်လည် (Margins 1''ပတ်လည်) Microsoft Word ဖြင့် ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ရမည်ဖြစ်ပါသည်။
(င )    ပြိုင်ပွဲဝင်များပေးပို့သည့်စာမူများသည် မိမိကိုယ်တိုင်ဖန်တီး ရေးသားထားသည့် စာမူဖြစ်ပြီး၊ ပေးပို့လာသည့်စာမူသည် ဂျာနယ်၊ မဂ္ဂဇင်းများနှင့် မီဒီယာများတွင် ဖော်ပြထားပြီး သည့် စာမူများ မဖြစ်စေရပါ။     
(စ )    ဆုရွေးချယ်ခံရခြင်းမရှိသောဆောင်းပါးများအား ပြန်လည် ပေးပို့မည်မဟုတ်ပါ။
(ဆ )    ပြိုင်ပွဲဝင်ဆောင်းပါးအား ပြိုင်ပွဲကျင်းပသည့်ဌာနအနေဖြင့် အများပြည်သူအကျိုးငှာ  ပြပွဲများ၊  စာအုပ်စာစောင်များ၊ website  များ၊ လက်ကမ်းစာစောင်များ၊  သင်ခန်းစာပို့ချမှု များနှင့် ဗီဒီယိုမှတ်တမ်းများ၌ အသုံးပြုခြင်းကို ပြိုင်ပွဲဝင်သူ မှ သဘောတူခွင့်ပြုရပါမည်။     
ပြိုင်ပွဲဝင်ဆောင်းပါးများကို ပညာရှင်များပါဝင်သော ဆုများစိစစ် ရွေးချယ်ရေးအဖွဲ့ဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ စိစစ်ရွေးချယ်သွားမည် ဖြစ်ပါသည်။ ပထမဆု၊ ဒုတိယဆု၊ တတိယဆု နှင့် အထူးဆု  (၂) ဆု စုစုပေါင်း (၅)ဆုကို ချီးမြှင့်မည်ဖြစ်ပြီး ဆုငွေနှင့် ဆုတံဆိပ်များ ချီးမြှင့် သွားမည် ဖြစ်သည်။ 
ပြိုင်ပွဲဝင်ဆောင်းပါးများကို   (Hard / Soft –copy)   တစ်စုံစီ၊ ကိုယ်တိုင်ဖန်တီးရေးသားထားကြောင်း ဝန်ခံကတိပြုချက်၊ ပြိုင်ပွဲဝင် သူ၏အမည်၊ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်၊ ပတ်စပို့ အရွယ် ရောင်စုံဓာတ်ပုံ ၃ပုံ၊ ဆက်သွယ်ရန်လိပ်စာ ၊ ဖုန်းနံပါတ်တို့နှင့် အတူ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ ညွှန်ကြားရေးမှူးချုပ်၊     လူမှုဝန်ထမ်းဦးစီးဌာန၊   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ်- ၂၃၊ နေပြည်တော်၊ (တယ်လီဖုန်းအမှတ် ၊ ၀၆၇-၄၀၄၁၀၁၊ ၀၆၇-၄၀၄၂၅၁၊ အီးမေးလ် dswwdd2022@gmail.com သို့ ၂၀၂၂ ခုနှစ်၊  နိုဝင်ဘာလ (၁၀) ရက်နေ့ ညနေ(၄) နာရီ နောက်ဆုံးထား၍ ဆက်သွယ် ပေးပို့နိုင်ပါသည်။ (သတ်မှတ်ရက်ကျော်လွန်ပြီး စည်းကမ်းချက်များ နှင့်  မပြည့်စုံသော  ဆောင်းပါးများအား   ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။)
ဆုရရှိသူများကို   ၂၀၂၂   ခုနှစ်၊  နိုဝင်ဘာလ(၂၅) ရက်နေ့တွင် ရုံးအမှတ်(၂၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊     နေပြည်တော်၌     ကျင်းပပြုလုပ်မည့်  အမျိုးသမီးများအပေါ်   အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု  အထိမ်းအမှတ်အခမ်းအနားတွင်  ဆုချီးမြှင့်မည်ဖြစ်ပါ သည်။                      

လူမှုဝန်ထမ်းဦးစီးဌာန