ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ လုပ်ခ/လစာဝင်ငွေများလွှဲပြောင်းသည့် ပမာဏအပေါ် နိုင်ငံတော်က ပံ့ပိုးငွေများ ထောက်ပံ့ပေးမည်

 

နိုင်ငံတော်အတွက် နိုင်ငံခြားငွေများကို တစ်ဖက်တစ်လမ်းက ရှာဖွေပေးလျက်ရှိသည့်    ပြည်ပရောက်မြန်မာနိုင်ငံသားများအား နိုင်ငံတော်က  ချီးမြှောက်သောအားဖြင့်     ပြည်ပရောက်   မြန်မာ နိုင်ငံသားများ၏   နိုင်ငံခြားသုံးငွေဖြင့်ရရှိသော   လုပ်ခ/လစာဝင်ငွေ များကို     ပြည်ပမှ  ပြည်တွင်းသို့    နိုင်ငံခြားသုံးငွေရောင်းဝယ် ဖောက်ကားသည့်  လုပ်ငန်းလိုင်စင်ရဘဏ်များမှတစ်ဆင့်  လွှဲပို့ခြင်း အတွက်  အမေရိကန် တစ်ဒေါ်လာ (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ) အပေါ်တွင်    ၃၀ ကျပ်အား      နိုင်ငံတော်က   အပိုဆောင်းငွေအဖြစ် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနှင့်  ယင်းသို့ပံ့ပိုးငွေများကို   ငွေထုတ်ယူ သည့် နေ့တွင်  ချက်ချင်းထည့်သွင်းပေးသွားမည်ဖြစ်ပြီး ၁-၁၁-၂၀၂၂ ရက်နေ့မှစ၍ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပါသည်။  
    မြန်မာနိုင်ငံတော်ဗဟိုဘဏ်