
နေပြည်တော် အောက်တိုဘာ ၂၉
(၂၇) ကြိမ်မြောက် အာဆီယံ အလုပ်သမားဝန်ကြီးများ အစည်း အဝေးနှင့် (၁၂) ကြိမ်မြောက် အာဆီယံ + ၃ အလုပ်သမား ဝန်ကြီးများ အစည်းအဝေးများကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ အလုပ်သမားနှင့် အလုပ်အကိုင် ဆိုင်ရာဌာနမှ အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ မြန်မာနိုင်ငံ မှ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
(၂၇) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးကို "Together as One: Reshaping the World of Work the ASEAN Way Towards Digitalized, Inclusive and Sustainable Recovery and Growth" ခေါင်းစဉ်ဖြင့် ကျင်းပ ခဲ့ပြီး အာဆီယံနိုင်ငံများနှင့် အာဆီယံ +၃ နိုင်ငံများမှ အလုပ် သမားဝန်ကြီးများနှင့် ကိုယ်စား လှယ်အဖွဲ့ ခေါင်းဆောင်များက နိုင်ငံအလိုက် ရှင်းလင်းဆွေးနွေး ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက် တာ ပွင့်ဆန်းက အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းများ ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှု မရှိသည့် နည်းပညာဆန်းသစ် တီထွင်မှုများသည် အလုပ်သမား များ၏ အလုပ်အကိုင်များ အပေါ် သက်ရောက်မှုများ ရှိနေ ကြောင်း၊ နည်းပညာကို တိုးမြှင့် တည်ထောင်ခြင်း၏ ရလဒ်တစ်ခု အနေဖြင့် အာဆီယံရှိအလုပ်သမား များသည် လာမည့်ဆယ်စုနှစ် ကျော်တွင် အကျိုးဖြစ်ထွန်းစွာ အလုပ်လုပ်ကိုင်နိုင်ရေးအတွက် ကျွမ်းကျင်မှုများကို အလိုက်သင့် ပြုပြင်ရန်နှင့် အလုပ်အကိုင် အသစ်များ ဖန်တီးရန်လိုကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်ခွင်များ ရုတ်တရက်ပိတ် ခြင်း၊ ကန့်သတ်ချက်မူဝါဒများ ပြောင်းလဲခြင်း၊ လုပ်အားခလျှော့ချ ခြင်းနှင့် အလုပ်အကိုင်ဆုံးရှုံးမှု များကြောင့် ဒေသတွင်းအလုပ် အကိုင်များကို အရေးတကြီး ပြန်လည်သုံးသပ်ရန်နှင့် အနာဂတ် အတွက် ကြိုတင်ပြင်ဆင်ရန် အရေးကြီးကြောင်း၊ ဒေသတွင်း၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု အခြေအနေ လျော့ကျလာသော် လည်း တစ်ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုများကြောင့် အချို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင် အလုပ်အကိုင် လုံခြုံရေးနှင့် တည်ငြိမ်မှုအပေါ် ကြီးမားသော စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေ ကြောင်း၊ အလုပ်သမားများ၏ ကျွမ်းကျင်မှုများကို အဆက်မပြတ် အဆင့်မြှင့်တင်ရန် အရေးကြီးကြောင်း။
ဒစ်ဂျစ်တယ် စီးပွားရေး၏ အလုပ်အကိုင် လိုအပ်ချက်များ အတွက် ကျွမ်းကျင်မှုအသစ်များ သင်ယူရန် လုံလောက်သည့် အခွင့်အလမ်းများ သေချာစေရန် နှင့် အလုပ်သမားများအားလုံး လုံခြုံပြီး ကျန်းမာသည့် အလုပ် ဝန်းကျင်ကို အာမခံချက်ပေးရန် လိုကြောင်း၊ အာဆီယံနိုင်ငံများရှိ လူမှုရေး လုပ်ဖော်ကိုင်ဖက်များ အကြား လူမှုရေးအပြန်အလှန် ဆွေးနွေးမှုနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်မှုသည် ကိုဗစ်-၁၉ နောက်ပိုင်းပုံမှန်အသစ် နှင့် လိုက်လျောညီထွေ ဖြစ်စေ ကြောင်း၊ အာဆီယံဒေသတွင်းရှိ အစိုးရများ၊ အလုပ်ရှင်များ၊ အလုပ် သမားများ၏ သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်မှုများမှ တစ်ဆင့် အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည် ဟု ယုံကြည်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ မဏ္ဍိုင်သုံးရပ် အောက်တွင် အာဆီယံအသိုက်အဝန်း၏ အနှစ် သာရကို အတူတကွ လှုပ်ရှား ဆောင်ရွက်ခြင်းဖြင့် “အာဆီယံ တိုးတက်မှုနှင့် လိုက်လျောညီထွေ ဖြစ်သော အလုပ်အကိုင်သစ်များ ကို ဒစ်ဂျစ်တယ်အသုံးပြုသော စနစ်ဖြင့် အားလုံးပါဝင်ပြီး ရေရှည် တည်တံ့သည့် ပြန်လည်ထူထောင် ရေးနှင့် ဖွံ့ဖြိုးမှုဆီသို့ ပြန်လည် ပုံဖော်နိုင်မည်” ဟု ယုံကြည်ပါ ကြောင်း၊ အနာဂတ်တွင် အာဆီယံ ကို စဉ်းစားသည့်အခါ “တညီ တညွတ်တည်း” ပူးပေါင်းဆောင် ရွက်သွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
(၂၇)ကြိမ်မြောက် အာဆီယံ အလုပ်သမားဝန်ကြီးများ အစည်း အဝေး၏ ပူးတွဲထုတ်ပြန်ချက်နှင့် (၁၂) ကြိမ်မြောက် အာဆီယံ+၃ အလုပ်သမားဝန်ကြီးများ အစည်း အဝေး၏ ပူးတွဲထုတ်ပြန်ချက်များ ကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်