Clean City, Green City ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်

 

ပဲခူး   အောက်တိုဘာ  ၂၉


စည်ပင်သာယာရေးလုပ်ငန်းများ သည် ပြည်သူများနှင့် တိုက်ရိုက် ထိတွေ့     ဆောင်ရွက်ရသည့် ဝန်ဆောင်မှု   လုပ်ငန်းများဖြစ်၍ စေတနာထား ဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်း၊    ရန်ကုန်-ပြည်ကားလမ်း    ဖြတ်သန်းရာ မြို့များတွင်    လမ်းဘေးပလက် ဖောင်းများ   ပြန်လည်ဖော်ထုတ် ခြင်းနှင့်   သစ်လွင်အောင်ပြုပြင် ခြင်း၊ ကျူးကျော်များရှင်းလင်းခြင်း တို့ကို  ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း   ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးမျိုးဆွေဝင်းက ပြောကြားသည်။

 


ပဲခူးတိုင်းဒေသကြီး   အစိုးရ အဖွဲ့ရုံး   တော်ဝင်ဟံသာ  အစည်း အဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ပိုင်းက ကျင်းပသည့်  မြို့သန့်ရှင်း သာယာလှပစေရေး၊   မြို့အင်္ဂါရပ် နှင့်အညီဖြစ်စေရေး    လုပ်ငန်း ညှိနှိုင်း       အစည်းအဝေးတွင် တိုင်းဒေသကြီး    ဝန်ကြီးချုပ်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီး အတွင်းရှိ  မြို့နယ်များအားလုံး သန့်ရှင်းသာယာ      လှပစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်နေကြ ရမည်ဖြစ်ကြောင်း၊    မြို့အဝင်/အထွက် နေရာများတွင် လမ်းညွှန် ဆိုင်းဘုတ်များကို     မြန်မာ/အင်္ဂလိပ်     နှစ်ဘာသာဖြင့် ဆိုင်းဘုတ်များ   စိုက်ထူကြရမည် ဖြစ် ကြောင်း၊ Clean City, Green City    ဖြစ်စေရေး    ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူများ   အပန်းဖြေနိုင်ရန် သက်ဆိုင်ရာ      မြို့မိ/မြို့ဖများ နှင့်    ပူးပေါင်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း    ပြောကြား သည်။

 


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်   မြို့နယ် စည်ပင်သာယာရေး  အမှုဆောင် အရာရှိများက  မြို့နယ်အလိုက် သန့်ရှင်းသာယာ    လှပစေရေး၊ မြို့အင်္ဂါရပ်နှင့်အညီ ဆောင်ရွက် ထားရှိမှုများကို   ရှင်းလင်းတင်ပြ ကြရာ တိုင်းဒေသကြီးဝန်ကြီးများ က        အကြံပြုတင်ပြကြပြီး တိုင်းဒေသကြီး   ဝန်ကြီးချုပ်က လိုအပ်သည်များ      ဖြည့်စွက် မှာကြားသည်။
ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  ပန်းပုလုပ်ငန်း ရှင်များနှင့် တွေ့ဆုံပြီး တာဝန်ရှိသူ များနှင့်   ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်း သိရသည်။


သတင်းစဉ်