
မော်လမြိုင် အောက်တိုဘာ ၂၈
မွန်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်း ကော်မတီ၏လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) ကို အောက်တိုဘာ ၂၆ ရက်က ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက် အမှာစကားပြောကြားသည်။
ပြည်နယ် ဝန်ကြီးချုပ်က ပြည်ပအစားထိုး သွင်းကုန်များကို မိမိတို့ပြည်နယ်အတွင်း၌ အရည် အသွေးမီ ထုတ်လုပ်ဆောင်ရွက်နိုင်မည်ဆိုပါက စီးပွားရေးလုပ်ငန်းများ ကောင်းမွန်လာပြီး ဒေသ တွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို ဖော်ဆောင် ၍ ဒေသထွက်ကုန် ထုတ်လုပ်ခြင်းများကို မြှင့်တင်ပေးခြင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ကို အခြေခံသည့်ကုန်ထုတ်လုပ်မှုများကို ပိုမိုတိုးတက် ထုတ်လုပ်စေခြင်းတို့ကို အထူးအလေးပေး ဆောင် ရွက်ကြစေလိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ ငွေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက် အောင်မြင်မှုရှိစေရန်နှင့် ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုစေမည့် လုပ်ငန်းများကို Standard Operating Procedure (SOP) များနှင့်အညီ ဆောင်ရွက်ကြရန် လိုကြောင်း၊ ကောင်းမွန်သော စီးပွားရေး အခြေအနေကောင်းများ ပေါ်ထွန်းလာစေရေးနှင့် ပြည်သူများ စီးပွားရေးအခွင့်အလမ်းများ ရရှိစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် စေလို ကြောင်း ပြောကြားသည်။
ထိုနောက် တက်ရောက်လာသူများက နိုင်ငံ စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြ ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေး ၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ခရိုင် (ပြန်/ဆက်)