ကျိုက်ထိုမြို့နယ်၌ တောင်သူများအား ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေး

 

ကျိုက်ထို   အောက်တိုဘာ    ၂၈


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများ ဆောင်းရာသီ  သီးနှံစိုက်ပျိုးရာတွင် လိုအပ်သည့်စိုက်ပျိုးစရိတ်ကို   အောက်တိုဘာ ၂၆ ရက်က မြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင် ထုတ်ချေးပေးခဲ့သည်။

 


ကျိုက်ထိုမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်အတွင်း ဆောင်းရာသီစိုက်ပျိုး စရိတ်ထုတ်ချေးရန် ကျေးရွာဘဏ်  ၂၂ ဘဏ်မှ အဆိုပြုတင်သွင်း လာသည့်တောင်သူ  ၆၀၇ ဦးရှိပြီး နွေစပါးစိုက်ပျိုးဧကပေါင်း ၂၄၆ ဧက၊ မြေပဲနှင့် ပဲမျိုးစုံ  ၃၃၃၁ ဧက စုစုပေါင်း ၃၅၇၇ ဧကအတွက် အဆိုပြု တင်သွင်းခဲ့သည်။

 


အဆိုပါ  စိုက်ပျိုးရန်ဧကများတွင်   နွေစပါးစိုက်ပျိုးရန်အတွက် တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းသတ်မှတ်၍ မြေပဲနှင့် ပဲမျိုးစုံ အတွက် တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ သတ်မှတ်၍ စုစုပေါင်းငွေကျပ် သိန်း ၃၇၀၀ ကို အောက်တိုဘာ   ၂၆ ရက်မှ   ဒီဇင်ဘာ ၃၁ ရက်အထိ မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးသန်းထွန်းနှင့်ဝန်ထမ်းများ က ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။  


ဝင်းမောင်(ကျိုက်ထို)