တပ်မတော် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ ဂုဏ်ပြုစားပွဲ အတူတကွသုံးဆောင်

 

နေပြည်တော်  အောက်တိုဘာ ၂၈


ရဲဘော်စိတ်ဟူသည်       ရဲဘော် အချင်းချင်းအပေါ်      ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်    ဖြစ် သည်နှင့်အညီ    တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်  အဆင့်အတန်း အားလုံး ရဲဘော်စိတ်  အပြည့်ထား ရှိပြီး  အထက်အောက်  ညီညွတ် မျှတသည့်   အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ်ကြောင်း    တပ်မတော် အကြီးအကဲမှ လမ်းညွှန်မှာကြား ထားသည်ဖြစ်ရာ         အုပ်ချုပ်မှု ညီညွတ်          မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌    တပ်မှူး ကောင်းစိတ်ဓာတ်   (Commander Spirit)၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့်  ကွပ်ကဲ အုပ်ချုပ် ဆောင်ရွက်လျက်ရှိသည်။ 

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်    နေပြည်တော်တိုင်း စစ်ဌာနချုပ်၊    မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်   အရှေ့မြောက် တိုင်း စစ်ဌာနချုပ်တို့မှ  တိုင်းမှူး များနှင့်         တာဝန်ရှိသူများက သက်ဆိုင်ရာ  ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံ သင်တန်းကျောင်းများသို့       သွား ရောက်၍    အရာရှိ၊     စစ်သည်၊ မိသားစုများအား    ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး    ဂုဏ်ပြု စားပွဲများ   အသီးသီးပြုလုပ်ပေး၍ တက်ရောက်အားပေးကာ  အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်   အတူ တကွ    လက်ရေတစ်ပြင်တည်း နေ့လယ်စာသုံးဆောင်ခဲ့ကြသည်။

 


အလားတူ  တိုင်းစစ်ဌာနချုပ် များအလိုက် တပ်နယ်အသီးသီးမှ တပ်မတော်   အရာရှိကြီးများက လည်း   ၎င်းတို့၏  ကွပ်ကဲမှုများ အလိုက်  တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်းကျောင်းများမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး  တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ       အသီးသီး ပြုလုပ်၍   တက်ရောက်အားပေး ကာ  အရာရှိ၊ စစ်သည်၊ မိသားစု များနှင့်အတူတကွ   နေ့လယ်စာ သုံးဆောင်ခဲ့ကြောင်း   သတင်း ရရှိသည်။         

သတင်းစဉ်