အီဂျစ်နိုင်ငံ၌ ကျင်းပမည့် ရာသီဥတုညီလာခံသို့ ဗြိတိန်ဝန်ကြီးချုပ် ဆူနက် တက်ရောက်မည်မဟုတ်

 

လန်ဒန် အောက်တိုဘာ ၂၈


လာမည့်လအတွင်း  အီဂျစ်နိုင်ငံ၌ ကျင်းပမည့်  ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းလဲရေးညီလာခံ စီအိုပီ ၂၇ ရာသီဥတုညီလာခံသို့ ဗြိတိန်ဝန်ကြီးချုပ်သစ်  ရစ်ရှီဆူနက် တက်ရောက်နိုင်မည်မဟုတ်ဟု  သိရသည်။   ဗြိတိန်ဝန်ကြီးချုပ်၏ရုံးမှ အဆိုပါကြေညာချက်ကို အောက်တိုဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။  

 


အရေးပေါ်         ဘတ်ဂျက်နှင့်ပတ်သက်၍ ဆောင်းဦးကာလတွင် ထုတ်ပြန်ရမည့် ကြေညာချက် အပါအဝင် ပြည်တွင်း၌ ပြင်ဆင်ရမည့် အခြားကိစ္စရပ် များကြောင့်    ဗြိတိန်ဝန်ကြီးချုပ်မှာ   ရာသီဥတု ညီလာခံသို့  တက်ရောက်နိုင်ခြင်းမရှိဟု   ဝန်ကြီးချုပ် ရုံးမှ ပြောရေးဆိုခွင့်ရှိသူက  ပြောသည်။ 

 


 ဗြိတိန်နိုင်ငံသည်  ပြီးခဲ့သည့်နှစ်က  စီအိုပီ ၂၆ ညီလာခံကို စကော့တလန်တွင်   အိမ်ရှင်အဖြစ်   လက်ခံကျင်းပပေးခဲ့ပြီး      ရာသီဥတုပြောင်းလဲမှု နှင့်ပတ်သက်၍     ကမ္ဘာလုံးဆိုင်ရာ     ကြိုးပမ်း အားထုတ်မှုတွင်      ဦးဆောင်သူအခန်းကဏ္ဍမှ    ပါဝင်မည်ဟု  ကတိပြုခဲ့သည်။  

 


သဘာဝပတ်ဝန်းကျင်ကို  ချစ်မြတ်နိုးသည်ဟု    နာမည်ကြီးသော   ချားလ်ဘုရင်သည်လည်း  ယခင် ဝန်ကြီးချုပ်ဟောင်း  လစ်ထရက်စ်၏ အကြံပြုမှုဖြင့်  လာမည့်ရာသီဥတုညီလာခံကို   တက်ရောက်မည် မဟုတ်တော့ဟု သိရသည်။ ယခုလိုဆုံးဖြတ်မှုများ ကြောင့် ကမ္ဘာကြီးပူနွေးလာမှုနှင့်ပတ်သက်၍   ဗြိတိန် အစိုးရ၏   ရပ်တည်ချက်အပေါ်     မေးခွန်းများ ထွက်ပေါ်လာသည်။         

အင်န်အိတ်ချ်ကေ