မိုင်းယောင်းမြို့နယ် နမ့်ကုတ်ကျေးရွာ၌ ရိုးရာဓလေ့ဆင်ဆွဲပွဲတော် စည်ကားစွာ ကျင်းပနိုင်ရန် ပြင်ဆင်

 

မိုင်းယု  အောက်တိုဘာ  ၂၈ 


ရှမ်းပြည်နယ်အရှေ့ပိုင်း   မိုင်းယောင်း မြို့နယ် မိုင်းယုမြို့    ကျေးလက်ဒေသရှိ    ဒေသခံ     ရှမ်းတိုင်းရင်းသားတို့သည် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်လာစေရေး၊  ဆန်ရေစပါး၊ ကောက်ပဲသီးနှံ၊ စီးပွားရေး လာဘ်လာဘ    တိုးတက်ကောင်းမွန် စေရန်နှင့်    သဘာဝဘေးကပ်ဆိုးများ  ဆိုက်ကပ်မှု မရှိစေရန်အတွက် ရည်စူး၍ တစ်နှစ်လျှင် တစ်ရွာစီဖြင့် ကျင်းပလေ့ ရှိသည့်    ရိုးရာဓလေ့ဆင်ဆွဲပွဲတော်ကို နိုဝင်ဘာ  ၁  ရက်တွင်  ဝမ်တာကြန့် ကျေးရွာအုပ်စု    နမ့်ကုတ်ကျေးရွာရှိ    ဘုန်းကြီးကျောင်း၌    စည်ကားသိုက် မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

 


ဆင်ဆွဲပွဲတော်ကို    တစ်နှစ်လျှင် တစ်ရွာစီဖြင့် ကျရာရပ်ကွက်၊ ကျေးရွာ များမှ  တိုင်းရင်းသားတို့က  အစုအဖွဲ့ လိုက်သော်လည်းကောင်း၊    လှူဒါန်း လိုသည့် ကျေးရွာများမှလည်း  ဆင်ရုပ်  များ ကြိုတင်ပြင်ဆင် ပြုလုပ်ထားရပြီး  အလှူပွဲ ကျင်းပသည့်နေ့ရက်၌ ယင်း အရုပ်များပေါ်တွင် မိမိတို့စိတ်စေတနာ သဒ္ဓါတရားထက်သန်စွာ လှူထားသည့်   လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့်    ဆင်ရုပ် များကို  အလှတန်ဆာ  ဆင်ယင်ထား ကာ  ကြိုးများဖြင့်ချည်ဆွဲ၍  ပွဲတော် ကျင်းပသည့် ကျောင်းတိုက်သို့ ပို့ဆောင် လှူဒါန်း၍သော်လည်းကောင်း၊     အလှူ ပုံးများဖြင့်သော် လည်းကောင်း  စုပေါင်း လှူဒါန်းကြရသည့် ရိုးရာဓလေ့ပွဲတော် တစ်ခုဖြစ်ကြောင်း၊    ထိုအလှူပွဲရက် အတွင်း     လာရောက်လည်ပတ်သော  ဧည့်သည်တော်များကိုလည်း     ရိုးရာ  အစားအသောက်များနှင့်     ဒေသခံ တိုင်းရင်းသား   အလှူရှင်များက   ပျူငှာ စွာ  တည်ခင်းဧည့်ခံကျွေးမွေးခြင်းနှင့်   ညပိုင်းတွင်  တိုင်းရင်းသားတို့၏  ရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက် ပေးခြင်းများ     ပြုလုပ်ပေးမည်ဖြစ် ကြောင်း  ဆင်ရုပ်များ   ပြုလုပ်နေကြ သည့် တိုင်းရင်းသားများက ပြောသည်။

 


ယင်းပွဲတော်ရက်အတွင်း  သူငါ အပြိုင် လှပနိုင်ရေး အလှူရှင်အစုအဖွဲ့ များက  မိမိတို့ဆင်ရုပ်များကို  အလှ တန်ဆာ ဆင်ယင်နေလျက်ရှိကြောင်း နှင့်  မိမိတို့ကျေးရွာအတွင်း  တစ်နှစ်မှ တစ်ကြိမ်၊   တစ်ကြိမ်မှ   နှစ်ရက်သာ  အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေးအတွက်      စိတ်သဒ္ဓါတရား ထက်သန်စွာ ဝိုင်းဝန်းစုပေါင်းပြင်ဆင် ကာ  ဆင်ရုပ်နှင့်  အလှူပုံးများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။


ကိုကိုနိုင်