
နေပြည်တော် အောက်တိုဘာ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူး ကျင်းပသည့် ၂ဝ၂၁ ခုနှစ်အတွက် စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် ဆုရရှိသောစာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေ ဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်ကြေညာသည်။
ဝတ္ထုရှည်ဆုတွင် ပထမဆုကို ကိုထွန်း (ကျယ်ဂေါင်)၏ ကြိုလင့်နေပါ မြသီတာ၊ ဒုတိယဆုကို သန်းဝင်းထွန်း(ဆွာ)၏ ကြွေလုလုဝေ၊ တတိယဆုကို ကိုရင်ကျော်၏ အရိုင်းပန်းတစ်ပွင့် အလှဂုဏ် တင့်လေတော့ စာမူများကလည်းကောင်း၊ ဝတ္ထုတိုပေါင်းချုပ် ဆုတွင် ပထမဆုကို ရဲမင်းစိုး၏ တိမ်တွေလွင့် မျောနေသည်နှင့် အခြားဝတ္ထုတိုများ၊ ဒုတိယ ဆုကို တက္ကသိုလ်မြမဉ္ဇူ၏ ဘဝမြစ်ပြင်ကျယ် နှင့် အခြားဝတ္ထုတိုများ၊ တတိယဆုကို သခင် (ဇလွန်မြေ)၏ အိမ်နှင့် အခြားဝတ္ထုတိုများ စာမူများကလည်းကောင်း၊ ကဗျာပေါင်းချုပ်ဆု တွင် ပထမဆုကို စဆနိုင်၏ အမေပေးသော ကဗျာများ၊ ဒုတိယဆုကို သမီးပျို၏ မြင်းမိုရ်သို့ ပန်းသဝဏ်လွှာ၊ တတိယဆုကို ဇလွန်ကျော်ဦး ၏ ပန်းပြလမ်းနှင့် အခြားကဗျာများ စာမူများ ကလည်းကောင်း၊ သုတပဒေသာ (ဝိဇ္ဇာ)ဆုတွင် ပထမဆုကို သောင်းညွန့်သစ် (အမျိုးသား စာပေဆုရ)၏ ခေတ်အဆက်ဆက် မြန်မာ့ သစ်တောများစီမံအုပ်ချုပ်မှု၊ ဒုတိယဆုကို အရှင်ရေဝတ(ရွှေကွမ်းသား)၏ ဘိုကလေး၏ မှတ်တမ်းဇာတ်လမ်းအလင်္ကာ၊ တတိယဆုကို လွင်မြန်မာ(မန်းတက္ကသိုလ်)၏ မော်ကွန်း ကဗျာအညွှန်း စာမူများကလည်းကောင်း၊ သုတပဒေသာ (ရိုးရိုးသိပ္ပံနှင့် အသုံးချသိပ္ပံ)ဆုတွင် ပထမဆုကို ဇော်လွင်ဦး (ဟင်္သာတ)၏ မင်းပူးဆရာတော် ဦးဩဘာသ၏ ဝေဿန္တရာ ဇာတ်တော်ကြီးလာအပင်များ နှင့် တတိယဆု တွင် ကိုထွန်းလူ(ခြံစိုက်ပျိုးသူ)၏ မက္ကဒေး မီးယား နှစ်ရှည်ပင်များ စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်ခြင်း စာမူများကလည်းကောင်း၊ စာပဒေသာဆုတွင် ပထမဆုကိုမောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်)၏ ရှေးမြို့ဟောင်းများ သမိုင်း ခြေရာခံ ခရီးသွားလေ့လာရေး ဆောင်းပါးများ၊ ဒုတိယဆုကို ယဉ်အောင်ဟိန်း၏ ကျောက် သမား၊ ကျောက်စိမ်းနှင့် ကျောက်လောက၊ တတိယဆုကို နွေကံ့ကော်(မြို့လှ)၏ အတွေ့ အကြုံအဖုံဖုံ ပြည်ပပညာတော်သင်မှတ်တမ်းစုံ စာမူများကလည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှု နှင့် အနုပညာဆိုင်ရာစာပေဆုတွင် ဒုတိယဆု ကို မင်းလွင်ဦး (အောင်ပန်း)၏ တောင်ရိုးနှင့် တတိယဆုကို မောင်ယဉ်လှိုင်း(ပျဉ်းမမြိုင်)၏ မြန်မာမှုနယ်မှ ပလ္လင်အလှ စာမူများကလည်း ကောင်း၊ ကလေးစာပေဆုတွင် ပထမဆုကို ပုလောစိုးနံ့သာ၏ စက္ကူလေယာဉ်ပျံကဗျာ များ၊ ဒုတိယဆုကို သက်ဦးခင်၏ မင်္ဂလာရှိသော နေ့နှင့် ကလေးဝတ္ထုတိုများ၊ တတိယဆုကို ရဲဘော် မြသိန်း(ဟိုပုံး)၏ သုတ၊ ရသ အလှ ဝေဖြာကလေးကဗျာများ စာမူများကလည်း ကောင်း၊ လူငယ်စာပေဆုတွင် ပထမဆုကို နွေကံ့ကော်(မြို့လှ)၏ လူ့ဘဝခဏတာ မြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့၊ ဒုတိယဆုကို ရေနံ့သာမောင်ကျော်ညွန့်၏ ရေအဆန် လေထန်ကြမ်းပေမယ့် ကမ်းရောက်ခဲ့ပြီ၊ တတိယဆုကို ဇော်မြင့်နီ၏ ပန်းတွေပွင့်တဲ့ ကမ္ဘာလူငယ်ဝတ္ထုတိုများ စာမူများကလည်း ကောင်း၊ ပြဇာတ်စာပေဆုတွင် ပထမဆုကို မောင်ယဉ်လှိုင်း(ပျဉ်းမမြိုင်)၏ မြန်မာ့သွေး နှင့် တတိယဆုကို မောင်စိုးထိုက် (သုံးဆယ်)၏ ဘဝဇာတ်ခုံပေါ်ကရသများ စာမူများကလည်း ကောင်း၊ ဘာသာပြန်ဆုတွင် ပထမဆုကို ဇွဲ၏ ပင်လယ်ပျော်နှင့် လက်ရွေးစင်ဝတ္ထုတိုများမှ ကောက်နုတ်သော ဝတ္ထုတိုသုံးပုဒ် စာမူများက လည်းကောင်း ရရှိကြသည်။
စာပေဗိမာန်စာမူဆုများကို ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၁ဝ သိန်း၊ တတိယဆု ၇ သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စာပေဗိမာန်စာမူဆုများကို စာပေပညာ ရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးလောကမှ အတွေ့ အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၂၄ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂ဝ၂၁ ခုနှစ်ပြိုင်ပွဲသို့ တင်သွင်း လာသော စာမူ ၂၆၂ စောင်ကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ် ခဲ့ကြကြောင်း သိရသည်။
ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီအတွင်းရေးမှူး တယ်လီဖုန်းအမှတ် ဝ၁-၂၄ဝဝ၄၈ နှင့် စီမံရေးရာ တယ်လီဖုန်း အမှတ် ဝ၁-၃၈၁၄၄၉ သို့ အမြန်ဆုံးဆက်သွယ် ကြရန်နှင့် (၅x၈) လက်မရောင်စုံဓာတ်ပုံ နှစ်ပုံ နှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံနှစ်ပုံစီကို ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ ရန် နှိုးဆော်ထားကြောင်း သိရသည်။
အဆိုပါဆုများကို ၁၃၈၄ခုနှစ်၊ နတ်တော် လဆန်း ၁ ရက်(စာဆိုတော်နေ့)၊ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂၃ရက် (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပ မည့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုး သားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည် ဖြစ်ကြောင်းနှင့် ကျင်းပမည့်အချိန်နှင့် နေရာ တို့ကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၂၂ ခုနှစ်အတွက် စာမူပြိုင်ပွဲဝင်လိုသူများ အနေဖြင့် စာမူများကို ၃၁-၁၂-၂ဝ၂၂ ရက်နေ့ နောက်ဆုံးထား၍ စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။
သတင်းစဉ်