ပြည်တွင်းရှိ ဆီစက်များအား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်လျှင် အနာဂတ်စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်

 

 

နေပြည်တော်  အောက်တိုဘာ   ၂၈


စားသုံးဆီများသန့်စင်သည့် နည်းပညာများပံ့ပိုးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် စက်မှုဝန်ကြီးဌာန  ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်     စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက  မိမိတို့ နိုင်ငံတွင် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီအုန်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ပဲပုပ်   စသည့်ဆီထွက်သီးနှံများ စိုက်ပျိုး  လုပ်ကိုင်လျက်ရှိသော် လည်း ပြည်တွင်းဆီစားသုံးမှုတွင် မြေပဲဆီနှင့်     နှမ်းဆီနှစ်မျိုးသာ အဓိက    ထုတ်လုပ်သုံးစွဲလျက် ရှိကြောင်း၊ ထို့ကြောင့် နေကြာဆီ အပါအဝင် စားအုန်းဆီ၊ ပန်းနှမ်း ဆီ၊ မုန်ညင်းဆီ၊ ပဲပုပ်ဆီ၊ ဝါစေ့ဆီ၊ ဖွဲ့နုဆီ    စသည့်ဆီအမျိုးမျိုးကို စိုက်ပျိုးထုတ်လုပ်လျှင် စားသုံးဆီ တင်သွင်းမှုအတွက်   အသုံးပြုရ သော နိုင်ငံခြားငွေ ချွေတာနိုင်ခြင်း ကြောင့် အခြားပြည်တွင်းလိုအပ် ချက်များကို     ပိုမိုဖြည့်ဆည်း တိုးချဲ့ဆောင်ရွက်လာနိုင်မည်ဖြစ် ကြောင်း၊   မြန်မာနိုင်ငံ  ဆီထွက် သီးနှံ        တိုးချဲ့စိုက်ပျိုးရေး၊ စားသုံးဆီဖူလုံရေးနှင့် ဆီစက်များ အဆင့်မြှင့်တင်ရေး လုပ်ငန်းများ တွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိက      အဖွဲ့အစည်းများ ပူးပေါင်း  အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကဏ္ဍတစ်ခု နှင့်တစ်ခု     အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်း အဖြေရှာပြီး လက်တွေ့အောင်မြင် အောင်       အကောင်အထည်ဖော် ဆောင်ရွက်ရမည်   ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ စားသုံးဆီများ သန့်စင်သည့်   (Refinery)နည်း ပညာဆိုင်ရာများ    သိရှိနိုင်မည် ဖြစ်သည့်အတွက် ဆီစက်လုပ်ငန်း ရှင်များအနေဖြင့် ကုန်ထုတ်လုပ်မှု ကို   ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ရာတွင်     အထောက်အကူ ရစေမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ဆက်လက်၍    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်     ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက    ပြည်တွင်း၌ စားသုံးဆီဖူလုံရေးနှင့် သန့်စင် သောဆီများ   အသုံးပြုနိုင်ရေး ဝိုင်းဝန်းပူးပေါင်း   ဆောင်ရွက် လျက်ရှိကြောင်း၊   သန့်စင်သည့် ဆီများ ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီဆီစက်များ   ရှိရန်လိုအပ် ကြောင်း၊  သို့မှသာ  ပြည်သူများ အနေဖြင့်      ကျန်းမာရေးနှင့် ညီညွတ်သည့်ဆီများကို အသုံးပြု နိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ဆီအုန်းများကို    စိုက်ပျိုးလျက် ရှိသော်လည်း   စားသုံးရန်အသင့် ဖြစ်သော   ဆီချောထုတ်လုပ်ရန် စိန်ခေါ်မှုများ    ရှိနေပါကြောင်း၊ ပြည်တွင်း၌      စားသုံးဆီများ ထုတ်လုပ်ရာတွင် ကုန်စင်အောင် ကြိတ်ခွဲနိုင်ရေးအတွက် ဆီစက် လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရန် လိုကြောင်း ပြောကြားသည်။

 


ထို့နောက်    သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးလှမိုးက ဌာနအနေဖြင့် ဆီစက်အသေးစား များကို တည်ဆောက်၍ ပြည်တွင်း ဆီလိုအပ်ချက်ကို      တစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်းပေးလျက် ရှိကြောင်း၊  ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက်      တောင်သူ လယ်သမားများ      အစုအဖွဲ့ သမဝါယမအသင်းများမှတစ်ဆင့် ဆီထွက်သီးနှံများ    စိုက်ပျိုးနိုင် အောင် ကူညီဖြည့်ဆည်းပေးလျက် ရှိပါကြောင်း၊   ဝန်ကြီးဌာနအနေ ဖြင့်        ဆီစက်များအတွက် ကုန်ကြမ်းရရှိရေး၊    အသေးစား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက်     အစွမ်းကုန်ဖြည့် ဆည်း  ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ယင်းနောက်   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက     ပြည်ပမှ စားသုံးဆီများကို   တစ်နှစ်လျှင် တန်ချိန် ၈ သိန်းခန့် တင်သွင်း နေရကြောင်း၊ ပြည်တွင်းရှိ ဆီစက် များကို စွမ်းအားပြည့်လည်ပတ် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊   ပြည်တွင်းရှိ ဆီစက်များအား  ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ပေးနိုင်လျှင် အနာဂတ်စားသုံးဆီ လိုအပ်ချက် ကို    ဖြည့်ဆည်းပေးနိုင်မည်ဖြစ် ကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေ ဖြင့် စားသုံးဆီများ သန့်စင်သည့် နည်းပညာများ   ရရှိရေးအတွက် မူဝါဒပိုင်းဆိုင်ရာ၊ ဘာသာရပ်ပိုင်း ဆိုင်ရာ ကိစ္စရပ်များကို အစွမ်းကုန် ကူညီ  ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 


ဆက်လက်၍ သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က ထုတ်ကုန်များနှင့် ပတ်သက်၍ စံချိန်စံညွှန်းများ သတ်မှတ်ထား ရန် လိုကြောင်း၊ စံချိန်စံညွှန်းများ နှင့်အညီ    ဆောင်ရွက်နိုင်ရေး အတွက် နည်းလမ်းများကိုလည်း ချမှတ်ထားရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စံချိန်စံညွှန်း ဆိုင်ရာ ကိစ္စရပ်များ၊ ဓာတ်ခွဲခန်း ဆိုင်ရာ ကိစ္စရပ်များ၊ နည်းပညာ ပိုင်းဆိုင်ရာ    ကိစ္စရပ်များနှင့် ပတ်သက်၍   အပြည့်အဝကူညီ ဖြည့်ဆည်းပေးသွားမည်   ဖြစ် ကြောင်း ပြောကြားသည်။

 


ထို့နောက်     ဒုတိယပိုင်း အခမ်းအနား   အစီအစဉ်များကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း   ဒုတိယ ဥက္ကဋ္ဌက       မြန်မာစားသုံးဆီ ထုတ်လုပ်သော    လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အကြံ ပြု ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အစာအာဟာရဆိုင်ရာ     သိပ္ပံနှင့် နည်းပညာအသင်း၊        စက်မှု ကြီးကြပ်ရေးနှင့်     စစ်ဆေးရေး ဦးစီးဌာန၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာန၊    အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊    စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ နိုင်ငံ  ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ    ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ  အသင်းတို့မှ တာဝန်ရှိသူများနှင့်   ဘာသာရပ် ဆိုင်ရာ ပညာရှင်များက ဆီသန့် စင် ထုတ်လုပ်သည့် နည်းပညာ များ၊   ဖွံ့ဖြိုးရေးချေးငွေအစီအမံ များ၊ စံချိန်စံညွှန်းရေးဆွဲမှုများ၊ FDA ဆိုင်ရာ သိကောင်းစရာများ၊ ဈေးကွက်တွင်     ဆီထွက်သီးနှံ ရောင်းချမှုများ     အကြောင်း ဆွေးနွေး      တင်ပြမှုများအပေါ် တက်ရောက်လာကြသည့် အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက သိရှိ လိုသည်များကို  မေးမြန်းကြရာ တာဝန်ရှိသူများက    ပြန်လည် ရှင်းလင်းဖြေကြားပြီး    စက်မှု ဝန်ကြီးဌာန      ပြည်ထောင်စု ဝန်ကြီးက   နိဂုံးချုပ်အမှာစကား ပြောကြား၍    အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း      သိရသည်။  


သတင်းစဉ်