သဘာဝအလျောက် ပေါကြွယ်ဝလျက်ရှိသည့် ရေရင်းမြစ်များအား အကျိုးရှိရှိထုတ်ယူ၍ နိုင်ငံတော်နှင့် ပြည်သူများ ရေရှည်ဖွံ့ဖြိုးမှုရရှိနိုင်ရေး အလေးပေးဆောင်ရွက်

 

နေပြည်တော် အောက်တိုဘာ ၂၈


သဘာဝအလျောက်  ပေါကြွယ်ဝ လျက်ရှိသည့် ရေရင်းမြစ်များအား အကျိုးရှိရှိထုတ်ယူ၍ နိုင်ငံတော် နှင့် ပြည်သူများ ရေရှည်စဉ်ဆက် မပြတ်  ဖွံ့ဖြိုးတိုးတက်မှုရရှိနိုင် ရေး အလေးပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊      ရေအားလျှပ်စစ် စက်ရုံများသည်          လျှပ်စစ် ဓာတ်အား          ထုတ်လုပ်စရိတ် အသက်သာဆုံးဖြစ်၍    Gener-ation   Mix  အတွင်း  Reliable Backbone    ဖြစ်ခြင်း၊    စက်ရုံ သက်တမ်းကြာရှည်ခြင်း၊ စိုက်ပျိုး ရေ ပေးဝေနိုင်ခြင်း၊ ရေကြီးရေလျှံမှု များမှ     ကာကွယ်ပေးနိုင်ခြင်း၊ သောက်သုံးရေရရှိစေခြင်း၊ ရေစီမံ ထိန်းသိမ်းအသုံးချနိုင်ခြင်း စသည့်  အကျိုးကျေးဇူးများ   ရရှိစေနိုင် ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန  ဒုတိယဝန်ကြီး  ဒေါက်တာ အောင်ဇေယျက အောက်တိုဘာ   ၂၅   ရက်  မွန်းလွဲပိုင်းက မြို့ကြီး ရေအားလျှပ်စစ်    ဓာတ်အားပေး စက်ရုံကို    ကြည့်ရှုစစ်ဆေးစဉ် ဝန်ထမ်းများအား    ပြောကြားခဲ့ခြင်းဖြစ်သည်။

 


ဒုတိယဝန်ကြီးနှင့်    အဖွဲ့ကို  မြို့ကြီးရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စက်ရုံမှူး ဦးစိုးလှိုင်နှင့် တာဝန်ရှိသူများက   နိုင်ငံတော် ဓာတ်အား      ကွန်ရက်စနစ်နှင့် ချိတ်ဆက်မှု၊  ရေဝင်ရောက်မှုနှင့် သိုလှောင်မှု၊           ကျောက်ဆည် မြို့နယ်ရှိ  ဇော်ဂျီဆည်ရေသောက် ဧရိယာများသို့ စိုက်ပျိုးရေပေးဝေ နေမှု၊   ရေထိန်းသိမ်းကာလများ တွင် ဓာတ်အားပေးစက်များ ပုံမှန် ထိန်းသိမ်းပြုပြင်မှု၊         စက်ရုံမှ ဓာတ်အားကို   ဓာတ်အားစနစ်သို့ ပို့လွှတ်ခြင်းအပြင် အနီးဝန်းကျင် ကျေးရွာ   ငါး  ရွာသို့  ၃၃  ကေဗွီ  လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးခွဲ ရုံမှတစ်ဆင့် ၁၁ ကေဗွီ ဓာတ်အား လိုင်းများဖြင့်  ဖြန့်ဖြူးပေးနေမှုကို ရှင်းလင်းတင်ပြပြီး     လျှပ်စစ် ဓာတ်အား  ထုတ်လုပ်ရေးလုပ်ငန်း မှ အင်ဂျင်နီယာချုပ်   ဦးညီညီထွန်း က   ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 


တင်ပြချက်များနှင့်  စပ်လျဉ်း ၍    ဒုတိယဝန်ကြီးက  နွေရာသီ ကာလ     ဓာတ်အားပေးနိုင်ရေး     အတွက်  စိုက်ပျိုးရေလိုအပ်ချက် နှင့် ညှိနှိုင်း၍    ဓာတ်အားပေးစက် များအား   မောင်းနှင်ပြီး  စက်ရုံ ရေရှည်တည်တံ့ခိုင်မြဲရေး  အစဉ် မပြတ်ပြုပြင်      ထိန်းသိမ်းရန်၊ တာဘိုင်နှင့် ဂျင်နရေတာစက်များ၊ Water Inlet Butterfly Valve များ၊ Transformer ၊ Switchgear နှင့် Control Panel များအား ပုံမှန် ပြုပြင် ထိန်းသိမ်းသွားရန်၊ လုံခြုံ ရေး အသိ၊ သတိရှိစွာ ဆောင်ရွက် ကြရန်၊      ကိုဗစ်-၁၉    ရောဂါ စည်းကမ်းချက်များနှင့်      အညီ လုပ်ငန်းများ    ဆောင်ရွက်ရန်၊ စက်ရုံတိုးတက်မှု   အစဉ်ရှေ့ရှု၍  ကြိုးပမ်းဆောင်ရွက်ရန်  လိုအပ် ကြောင်း   တိုက်တွန်းမှာကြားပြီး ဝန်ထမ်းများအား ဂုဏ်ပြုသစ်သီး ခြင်းနှင့် ချီးမြှင့်ငွေများ  ပေးအပ် သည်။ 

 


ဆက်လက်၍ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် Cooling System ပြုပြင်ထိန်းသိမ်းနေမှု၊   ဂျင်န ရေတာနှင့်       တာဘိုင်စက်များ လည်ပတ်နေမှု   အခြေအနေများ၊ ထိန်းချုပ်ခန်းနှင့်      စက်ရုံတွင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။

 


အဆိုပါ         မြို့ကြီးရေအား လျှပ်စစ်ဓာတ်အားပေး   စက်ရုံ သည် ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီးခရိုင်         ရွာငံမြို့၏ အနောက်မြာက်ဘက် ၃၁ မိုင်ခန့် အကွာ   မြို့ကြီးကျေးရွာအနီး ဇော်ဂျီမြစ်ပေါ်တွင်  တည်ဆောက် ထားပြီး           ရေလှောင်တမံမှာ မြေသားတမံဇုန် အမျိုးအစားဖြစ် ၍   ကန်ရေပြည့်  ရေသိုလှောင် ပမာဏမှာ   ဧကပေ  ၃၅၉၅၅၀ သိုလှောင်နိုင်ပြီး နှစ်စဉ်စီးဝင်ရေ ဧကပေ   ၃၇၃၄၂၀   စီးဝင်ကာ စိုက်ပျိုးရေပေးဝေသော စိုက်ဧက ၉၅၀၀၀ သို့  ရေပေးဝေလျက် တပ်ဆင်အင်အားအနေဖြင့် ၁၅ မဂ္ဂါဝပ်၊ ဓာတ်အားပေးစက် နှစ် လုံး၊ ၃၀ မဂ္ဂါဝပ်မှ ၃၃ ကေဗွီ ၂ ထပ် ဓာတ်အားလိုင်း   ၁၀ ဒသမ ၈ မိုင်ဖြင့် ၁၃၂ ကေဗွီ တောင်တော် ကွင်းခွဲရုံသို့         ချိတ်ဆက်ကာ နိုင်ငံတော်ဓာတ်အား  ကွန်ရက် စနစ်အတွင်းသို့   တစ်နှစ်လျှင် ပျမ်းမျှ လျှပ်စစ်ဓာတ်အား ၁၃၅ ဒသမ ၇ ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေး   လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်