သိပ္ပံနှင့်နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၂) ဆဋ္ဌမအကြိမ် အောင်မြင်စွာ ကျင်းပပြီးစီး

 

ပြင်ဦးလွင်  အောက်တိုဘာ  ၂၈


အဆင့်မြင့်ပညာ   ဖွံ့ဖြိုးတိုးတက် ရေးနှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး   ကွန်ဖရင့် (၂၀၂၂) “Conference on Science and Technology Development – 2022”     ပိတ်ပွဲအခမ်းအနား ကို   ယနေ့ညနေ  ၄  နာရီတွင် ပြင်ဦးလွင်တပ်နယ် စစ်တက္ကသိုလ် အဆင့်မြင့်        စာပေပညာဗဟို ဌာန    ငါးထပ်စာသင်ဆောင်ရှိ Multifunction Hall ၌ ကိုဗစ်-၁၉ ရောဂါ   စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ  ကျင်းပသည်။ 

 


အဆိုပါကွန်ဖရင့်သို့   ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး     မောင်မောင်အေး၊ တပ်မတော်     တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊  ပါမောက္ခ ချုပ်များနှင့်   အရာရှိများ၊   အရပ် ဘက် တက္ကသိုလ်များမှ ပါမောက္ခ များ၊ တပ်နယ်မှ မဟာဘွဲ့နှင့်ပါရဂူ ဘွဲ့သင်တန်း        တက်ရောက်နေ သော  သင်တန်းသားအရာရှိများ၊ ဗိုလ်လောင်းများနှင့်   ဖိတ်ကြား ထားသော  ဧည့်သည်တော်များ၊ ကိုယ်တိုင်လာရောက်        စာတမ်း မဖတ်ကြားနိုင်သော   Keynote Speaker   များ၊   အရပ်ဘက် တက္ကသိုလ်များမှ   ပါမောက္ခချုပ် များနှင့်   ပါမောက္ခများက ဗီဒီယို ကွန့်ဖရင့်ဖြင့်         တက်ရောက်ကြ သည်။

 


နှစ်ရက်တာ ကွန်ဖရင့်ကျင်းပ စဉ်ကာလအတွင်း    ဖိတ်ကြားထား သော  ပါမောက္ခများ၏  စာတမ်း လေး စောင်   အပါအဝင်   စုစုပေါင်း သုတေသနစာတမ်း    ၁၂၃   စောင် ဖတ်ကြားနိုင်ခဲ့ပြီး   ပိုစတာ  ၂၃ စောင်ကို ပြသနိုင်ခဲ့သည်။

 


သိပ္ပံနှင့်      နည်းပညာဆိုင်ရာ  ဖွံ့ဖြိုးတိုးတက်ရေး         ကွန်ဖရင့် (၂၀၂၂)တွင်        အကောင်းဆုံး စာတမ်းဆု ခုနစ်ဆုနှင့် အကောင်း ဆုံး   ပိုစတာဆု   နှစ်ဆု   ပေးအပ် ချီးမြှင့်ခဲ့ရာ တပ်မတော် နည်းပညာ တက္ကသိုလ်        ကျောင်းအုပ်ကြီး၊  စစ်တက္ကသိုလ်   ကျောင်းအုပ်ကြီး နှင့်  ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)တို့က   ပေးအပ်ချီးမြှင့် သည်။

 


သိပ္ပံနှင့်          နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး         ကွန်ဖရင့် အောင်မြင်စွာ           ကျင်းပနိုင်ရေး အတွက်   အရပ်ဘက်တက္ကသိုလ် များက  တက်ရောက်ပြီး  စာတမ်း ဖတ်ကြားခြင်းနှင့်  ဆွေးနွေးအကြံ ပြုခြင်းများ  လုပ်ဆောင်ပေးခဲ့ကြ သည့် ပါမောက္ခချုပ်များ၊ ပါမောက္ခ များနှင့်           စာတမ်းရှင်များကို ဂုဏ်ပြုသောအားဖြင့်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်            ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ပေးပို့သော ဂုဏ်ပြု         လက်ဆောင်များကို ညှိနှိုင်းကွပ်ကဲရေးမှူး   (ကြည်း၊ ရေ၊ လေ)            ဗိုလ်ချုပ်ကြီး မောင်မောင်အေးက           ပေးအပ် ချီးမြှင့်သည်။

 


ထို့နောက်           ညှိနှိုင်းကွပ်ကဲ ရေးမှူး   (ကြည်း၊   ရေ၊  လေ) ဗိုလ်ချုပ်ကြီး  မောင်မောင်အေးက အမှာစကားပြောကြားပြီး သိပ္ပံနှင့် နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက် ရေးကွန်ဖရင့် (၂၀၂၂) ကို အောင်မြင် စွာ            ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်