
ဝေါ အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ချေးငွေအကြံပေးအဖွဲ့နှင့် အချိန် စေ့လွန်ချေးငွေများ ပြန်လည်ရရှိ ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)အထွေထွေ မန်နေဂျာ ဦးအောင်ဇော်မိုးက ချေးငွေများ စဉ်ဆက်မပြတ် ထုတ်ချေးနိုင်ရေး၊ အချိန်စေ့လွန် ချေးငွေများ ပြန်လည်ရရှိနိုင်ရေး နှင့် ပတ်သက်၍ ဆွေးနွေးပြော ကြားပြီး ဝေါမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ချေးငွေ အကြံပေးရေးအဖွဲ့ဝင် ဌာနများမှ တာဝန်ရှိသူများက အချိန်စေ့လွန် ချေးငွေများ ပြန်လည်ရရှိရေး အတွက် ဆောင်ရွက်မည့် လုပ်ငန်း စဉ်များနှင့် စိုက်ပျိုးစရိတ် ချေးများနှင့် ပတ်သက်သည်များကို တင်ပြဆွေးနွေးပေးသည်။
ထို့နောက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်) အထွေ ထွေ မန်နေဂျာသည် မြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ သွား ရောက်ကာ ဝန်ထမ်းများလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု ခဲ့ကြောင်း သိရသည်။
စိုးမိုး (ပြန်/ဆက်)