
ဘားအံ အောက်တိုဘာ ၂၈
နိုဝင်ဘာ ၇ ရက်တွင်ကျရောက်မည့် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဘားအံမြို့ မာန်အောင်ဈေးသစ်ဖွင့်ပွဲအခမ်းအနားကို အမှတ်(၅) ရပ်ကွက်ရှိ အဆိုပါဈေးတည်နေရာ၌ ကျင်းပသည်။
ဈေးသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြေဧရိယာ ၀ ဒသမ ၈၀၃ ဧကပေါ်ရှိ မူလဈေးကြီးမှာ ဥပဓိရုပ်ကောင်းမွန်မှုမရှိခြင်း၊ လေဝင်လေထွက်နှင့် အလင်းရောင်အားနည်းခြင်း၊ ကျန်းမာရေးထိခိုက်စေခြင်းနှင့် မြို့တော်အင်္ဂါရပ်များ နှင့်ညီညွှတ်မှုမရှိခြင်းတို့ကြောင့် ခေတ်နှင့်လျော်ညီမှု မရှိတော့သည့် မာန်အောင်ဈေးသစ်ကြီးကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာ ရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အသစ်ပြန်လည် တည်ဆောက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်လိုအပ်သကဲ့သို့ လူ့အဖွဲ့အစည်းနှင့် လူနေမှုအဆင့်အတန်းမြင့်မာရေးကိုလည်း ဝိုင်းဝန်း မြှင့်တင် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် မာန်အောင်ဈေးသူဈေးသားများ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင် စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် ဝန်ကြီးများနှင့် ပြည်နယ် စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူတို့က မာန်အောင်ဈေးသစ်ကြီးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်က မာန်အောင် ဈေးသစ်ဆိုင်းဘုတ်နှင့် မာန်အောင်ဈေးဖွင့်ပွဲ အထိမ်း အမှတ် ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ က ဈေးဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းတို့ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများသည် မာန်အောင်ဈေးသစ်အတွင်း ဈေးသူ၊ ဈေးသားများ၏ ဒေသထွက်ကုန်များ၊ သားငါး ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေမှုအခြေ အနေများကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး က ဈေးသစ်ဖွင့်ပွဲအထိမ်းအမှတ် မာန်အောင်ဈေးသစ် ပုံစံငယ်များကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။
ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များ အနက် တစ်ခုဖြစ်သော ခေတ်နှင့်လျော်ညီမှုမရှိတော့ သည့် မူလမာန်အောင်ဈေးကို ဖျက်သိမ်းစေခဲ့ပြီး ကုန်ကျငွေကျပ် ၄၉၁ ဒသမ ၇၁ သန်းဖြင့် Steel Structure အမျိုးအစား(၉၂ ပေ x ၅၂ ပေ x ၁၃ ပေ)ရှိ ဈေးရုံကြီး သုံးရုံ၊ ဈေးခေါင်းရုံတစ်ရုံ၊ ရှစ်ခန်းတွဲ အများသုံးသန့်စင်ခန်းတစ်လုံး၊ ဂါလန် ၅၀၀၀ ဆံ့ ရေလှောင်ကန်တစ်ကန်၊ ဂါလန် ၁၆၀၀ ဆံ့ အမြင့်တင် ရေစင်တစ်ခု၊ ပျံကျဈေးဆိုင်နေရာ ၅၆၇၂ စတုရန်းပေ၊ ဈေးပတ်လည်ရေမြောင်း ပေ ၆၆၀ ၊ ခြံစည်းရိုး ၆၅၇ ပေ၊ ဆိုင်ကယ်ရပ်နားရန်နေရာ၊ ရေဆိုးထုတ်မြောင်း များ စသည်ဖြင့် ပြည့်စုံစွာထည့်သွင်းဆောင်ရွက် ပေးခဲ့ပြီး ယနေ့ဖွင့်ပွဲအခမ်းအနားကို ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)