နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် လေယာဉ်မောင်းသင်တန်းအမှတ်စဉ် (၈၄) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားတက်ရောက်

 

နေပြည်တော်   အောက်တိုဘာ   ၂၈


တပ်မတော်(လေ)၏   လေယာဉ်မောင်းသင်တန်း အမှတ်စဉ်  (၈၄)  ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်        ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်    (လေ)    ဗိုလ်ချုပ်ကြီး ထွန်းအောင်        တက်ရောက်မိန့်ခွန်းပြောကြား သည်။

 


အဆိုပါ   အခမ်းအနားသို့   ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး      ဗိုလ်ချုပ် ကိုကိုဦး၊ ဗိုလ်ချုပ် အောင်မျိုးသန့်၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီး များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

 


ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့်  ဂုဏ်ပြုတပ်ခွဲများ က  စစ်ရေးပြကွင်းအတွင်း  ချီတက်နေရာယူကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။ 

 


ယင်းနောက်   ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် ကျောင်းဆင်းတပ်ခွဲ နှင့်   ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူ၍ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေး သည်။ 

 


ထို့နောက်   ကျောင်းဆင်းတပ်ခွဲနှင့်   ဂုဏ်ပြု တပ်ခွဲများက  ကာကွယ်ရေးဦးစီးချုပ်  (လေ)အား အနှေးလျှောက်၊  အမြန်လျှောက်တို့ဖြင့်   ချီတက် အလေးပြုကြသည်။

 


ယင်းသို့  တပ်ခွဲများက အနှေးလျှောက်၊ အမြန် လျှောက်ဖြင့်   ချီတက်အလေးပြုကြစဉ်   နည်းပြ လေသူရဲများက        အမောင်းသင်လေယာဉ်များ၊ အမောင်းသင်ရဟတ်ယာဉ်များဖြင့်  အုပ်ဖွဲ့ပျံသန်း၍ ကာကွယ်ရေးဦးစီးချုပ်(လေ) အား  အလေးပြုကြသည်။ 

 


ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(လေ) က ကျောင်းဆင်းအရာရှိများအား  လေသူရဲတောင်ပံများ ကို တစ်ဦးချင်းအပ်နှင်းသည်။

 


ထူးချွန်ဆုများ ပေးအပ်
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) က လေယာဉ်မောင်းသင်တန်း အမှတ်စဉ် ( ၈၄ )မှ စံပြ လေသူရဲဆုရ ဗိုလ်ထက်နိုင်ဝင်း ၊  လေယာဉ်မောင်း ထူးချွန်ဆုရ ဗိုလ် ထက်မြက်ကျော် ၊ စာပေထူးချွန်ဆုရ ဗိုလ် ဒေါ်အင်ကြင်းခက်တို့ကို ထူးချွန်ဆုများ ပေးအပ် ချီးမြှင့်သည်။ 

 


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်  ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်   (လေ)     ဗိုလ်ချုပ်ကြီး ထွန်းအောင်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာ တွင်   တပ်မတော်(လေ)ကို  ကျစ်လျစ်ပြီး   စွမ်းရည် ထက်မြက်သည့်   ခေတ်မီလေတပ်အဖြစ်   တည် ဆောက်ရာတွင် ကျွမ်းကျင်ပြီး အရည်အချင်း/အရည် အသွေးပြည့်ဝသည့်      လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး စနစ်တကျ လေ့ကျင့်ပေးလျက်ရှိ ကြောင်း၊ ထိုကဲ့သို့ လေ့ကျင့်ပေးရာတွင် အရေးအကြီး ဆုံးဖြစ်သည့် လေသူရဲလေ့ကျင့်မှုအတွက် လေယာဉ် မောင်း    သင်ကျောင်းတွင်    နိုင်ငံတကာအဆင့်မီ လေ့ကျင့်ရေး လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြု ပြီး   လေ့ကျင့်သင်ကြားမှုများကို   အဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ လေယာဉ်မောင်းသင် ကျောင်း၏   အဓိကရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် အရည် အချင်း/အရည်အသွေး ပြည့်ဝပြီး တိုက်ပွဲဝင် အသင့်   စစ်ဆင်ရေးတာဝန်  ထမ်းဆောင်နိုင်မည့် လေသူရဲများ မွေးထုတ်ပေးနိုင်ရေးအတွက်  ပျံသန်း ရေးနှင့် စာပေသင်ရိုးညွှန်းတမ်းများကို  နိုင်ငံတကာ လေတပ်များနှင့် ရင်ပေါင်တန်းနိုင်အောင် ပြင်ဆင်/ဖြည့်စွက်ဆောင်ရွက်ခဲ့သည်ကို              တွေ့ရှိရမည် ဖြစ်ကြောင်း။ 

 


သင်တန်းဆင်းပြီးသည်နှင့် သက်ဆိုင်ရာ ပျံသန်း ရေးအုပ် အသီးသီး၌ တန်ဖိုးကြီးမားသည့် လေယာဉ်၊ ရဟတ်ယာဉ်များကို တာဝန်ယူပျံသန်းမောင်းနှင်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို          စတင် ထမ်းဆောင်ခွင့်ရတော့မည်ဖြစ်ကြောင်း၊   လေသူရဲ တစ်ဦးချင်းစီ၏    ပျံသန်းမှုအရည်အချင်း၊   အရည် အသွေးမြင့်မားနေမှသာ     ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ        ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်         လေယာဉ်မောင်းသင်ကျောင်းက သင်ကြားပေးလိုက်သည့် ပညာရပ်များကို အခြေခံပြီး စဉ်ဆက်မပြတ် ဆင့်ပွားလေ့လာသင်ယူမှတ်သားနေ ရမည်ဖြစ် သကဲ့သို့ တောင်ပံ အပ်နှင်းခံရပြီး  လေသူရဲ တစ်ဦး  ဖြစ်လာသည့်အတွက် လေသူရဲတစ်ဦး၏ ဂုဏ်အင်္ဂါရပ်များဖြစ်သည့်      ကိုယ်ရည်ကိုယ်သွေး မြင့်မားခြင်း၊ ထိုးထွင်းဉာဏ်ထက်မြက်ခြင်း၊ သစ္စာရှိ ခြင်း၊ အမိန့်နာခံတတ်ခြင်းနှင့် ဇွဲလုံ့လရှိခြင်းဟူသည့် အချက်များပြည့်စုံအောင်  ဆက်လက်ကြိုးစားကြရ မည်ဖြစ်ကြောင်း၊  လေသူရဲတောင်ပံ  အပ်နှင်းသည် ဆိုရာတွင် ဝေဟင်ထက်တွင် လေယာဉ်ကိုကျွမ်းကျင် စွာ    ပျံသန်းရင်း   နိုင်ငံတော်ကာကွယ်ရေးအတွက် အသက်ကိုပင် ငဲ့ကွက်ခြင်းမရှိဘဲ စွန့်လွှတ်စွန့်စား ထမ်းဆောင်ရမည့်တာဝန်များကို   အပ်နှင်းခံရခြင်း ဖြစ်သည်ဟု   နှလုံးသွင်းခံယူထားကြရန်   မှာကြား လိုကြောင်း။

 


လေသူရဲကောင်းတစ်ဦးဆိုသည်မှာ လေယာဉ်/ရဟတ်ယာဉ်  တစ်စင်းကို မောင်းနှင်ပျံသန်းတတ်ရုံနှင့် မလုံလောက်ဘဲ ပျံသန်းရေးစည်းကမ်းများကို တိကျ စွာ လိုက်နာတတ်မှု၊ မိမိလေယာဉ်/ရဟတ်ယာဉ်များ ၏   စွမ်းပကားများအလိုက်  ကျွမ်းကျင်ပိုင်နိုင်စွာ ပျံသန်းနိုင်မှု၊ ဘေးအန္တရာယ်ကင်းရှင်းစွာ ပျံသန်းနိုင်မှု၊ ပျံသန်းရေး  စိတ်ဓာတ်မြင့်မားကောင်းမွန်မှု၊  ပျံသန်း ရေးပညာနှင့် လေကြောင်းဆိုင်ရာ ဗဟုသုတများကို စဉ်ဆက်မပြတ်   လေ့လာဆည်းပူးမှု  စသည့်အချက် များကို   အမြဲလိုက်နာ  ဆောင်ရွက်ကြရန်   လိုအပ် ကြောင်း၊ လေသူရဲများအဖြစ် သက်ဆိုင်ရာ ပျံသန်း ရေးအုပ် အသီးသီးတွင် တာဝန်ထမ်းဆောင်ကြတော့ မည့်   ရဲဘော်တို့သည်  တပ်မတော်အရာရှိတစ်ဦး အဖြစ်သာမက ပျံသန်းရေးပိုင်းတွင် စိတ်ချယုံကြည် အားကိုးရသည့် လေသူရဲကောင်းတစ်ဦးဖြစ်ရန်လည်း လိုအပ်ကြောင်း၊ ထို့ကြောင့်  မြေပြင်စည်းကမ်းပိုင်း များအပြင်   ပျံသန်းရေး  စည်းကမ်းများကိုလည်း တိတိကျကျ   လိုက်နာဆောင်ရွက်ခြင်းဖြင့် အန္တရာယ် ကင်းသည့်ပျံသန်းမှုနှင့် စစ်ဆင်ရေး အသင့်ဖြစ်မှုတို့ကို ရရှိလာစေပြီး တပ်မတော်အတွက်အားထားရသည့် လေသူရဲကောင်းများ          ဖြစ်လာမည်ဆိုသည်ကို အလေးအနက်ထား မှာကြားလိုကြောင်း ပြောကြား သည်။

 


ဂုဏ်ပြုအမှာစကားပြောကြား


ဆက်လက်၍   ကာကွယ်ရေးဦးစီးချုပ်(လေ) သည် ဝေဟင်မှအုပ်ဖွဲ့ ပျံသန်းအလေးပြုခဲ့ကြသည့် နည်းပြလေသူရဲများကို    ဂုဏ်ပြုနှုတ်ဆက်ကာ ကျောင်းဆင်းအရာရှိများနှင့်အတူ   မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (လေ) သည် လေကြောင်း အတတ်သင်လေတပ်စခန်း ဌာနချုပ် လေကြောင်းစစ်ဆင်ရေး သင်တန်းကျောင်း ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိသည့် ကျောင်းဆင်းအရာရှိ များနှင့် မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

 


ယနေ့    လေသူရဲတောင်ပံအပ်နှင်းခြင်းခံရသူ ကျောင်းဆင်းအရာရှိများအနေဖြင့်    သက်ဆိုင်ရာ လေယာဉ်/   ရဟတ်ယာဉ်  အမျိုးအစားအလိုက် အဆင့်မြင့်သင်တန်းများ  ဆက်လက်တက်ရောက်ရ မည်ဖြစ်ကြောင်း သတင်းရရှိသည်။   
   

သတင်းစဉ်