သတင်းအေဂျင်စီနှင့် ထုတ်ဝေခြင်းလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

 

ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ၊  နည်းဥပဒေများနှင့်အညီ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသူများကို  စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ သတင်း အေဂျင်စီနှင့်    ထုတ်ဝေခြင်းလုပ်ငန်း   အသိအမှတ်ပြုလက်မှတ်များ ရယူထားသူ ဦးသောင်းဝင်း သည်  ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊  ပုဒ်မခွဲ (ခ)ပါ စည်းကမ်းချက်ကို  လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊  တရားဥပဒေစိုးမိုးရေး၊  အများပြည်သူအေးချမ်း သာယာရေးတို့ကို  ထိခိုက်စေသည့် အကြောင်းအရာများကို ရေးသား လွှင့်တင်ဖော်ပြခဲ့သည့်အတွက် ၎င်းအားထုတ်ပေးထားသည့် ဧရာ ၀တီသတင်းအေဂျင်စီနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသီးသီးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်မှစတင်၍  ပိတ်သိမ်းလိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီနှင့် ထုတ်ဝေခြင်းလုပ်ငန်းများအနေဖြင့်  မီဒီယာ အမျိုးအစားတစ်ခုခုကို   အသုံးပြု၍ဖြစ်စေ၊  နည်းပညာတစ်ရပ်ရပ် ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် အသိပေး ကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန