တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ပထမနှစ် (ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ်မှ မဟာဘွဲ့သင်တန်းများအထိ နေ့သင်တန်းများ နိုဝင်ဘာ ၁၀ ရက် ဖွင့်လှစ်မည်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
ကြေညာချက်
၁။    ပညာရေးဝန်ကြီးဌာန၊       အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊   ဒီဂရီကောလိပ်နှင့်  ကောလိပ်များတွင်  ပထမနှစ် (ဒုတိယနှစ်ဝက်) နှင့်     ဒုတိယနှစ်မှ   မဟာဘွဲ့သင်တန်းများအထိ နေ့သင်တန်းများအားလုံးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၀) ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။  ကျောင်းအပ်လက်ခံ ခြင်းကို (၂၇-၁၀-၂၀၂၂) ရက်မှ (၁၈-၁၁-၂၀၂၂) ရက် အထိ (စနေနေ့ နှင့် တနင်္ဂနွေနေ့များအပါအဝင်) လက်ခံဆောင်ရွက်ပေးမည်  ဖြစ်ပါ သည်။
၂။    ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ  အောင်မြင်သူများအတွက် ပထမနှစ် (ပထမနှစ်ဝက်) နေ့သင်တန်းများကို  ၂၀၂၂  ခုနှစ်၊ နိုဝင်ဘာလ  (၂၁) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။
အဆင့်မြင့်ပညာဦးစီးဌာန