
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင် ၅၀၀)၊ တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) ရှိ အထူးကုသမှုစင်တာနှင့် တပ်မတော် အသည်းအထူးကုဆေးရုံတို့သို့
သွားရောက်ကြည့်ရှု၊ ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူနေသူများကို ကြည့်ရှုအားပေး
နေပြည်တော် အောက်တိုဘာ ၂၈
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာချုပ် တိုင်းမှူးတို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုး ရောဂါ အထူးကုဆေးရုံကြီး(ခုတင်၅၀၀)၊ တပ်မတော် ဆေးရုံ ကြီး (ခုတင် ၁၀၀၀) ရှိ အထူးကုသမှုစင်တာ နှင့် တပ်မတော် အသည်းအထူးကုဆေးရုံတို့သို့ သွားရောက်၍ ဆေးရုံတက်ရောက် ကုသမှုခံယူလျက် ရှိသည့်
အရာရှိ၊ စစ်သည်၊ မိသားစုများကို ကြည့်ရှုအားပေးစကား ပြောကြား သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်အရိုး ရောဂါအထူးကု ဆေးရုံကြီး (ခုတင် ၅၀၀) နှင့် တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) သို့ ရောက်ရှိကြရာ ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ကြ သည်။
ထို့နောက် ဆေးရုံအစည်းဝေး ခန်းမများတွင် ဆေးရုံတပ်မှူးများ က ဆေးကုသမှုဆိုင်ရာ အခြေ အနေများ၊ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ် အကောင် အထည်ဖော် ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
ယင်းနောက် ဆေးရုံတက် ရောက် ဆေးကုသမှုခံယူလျက်ရှိ သည့် အရာရှိ၊ စစ်သည်၊ မိသားစု များအား လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု အခြေအနေများကို မေးမြန်း အားပေးစကား ပြောကြား ကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ် သည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် ဆေးရုံများတွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေ များကို ပေးအပ်ရာ ဆေးရုံ တပ်မှူးများက လက်ခံရယူ ကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင် များသည် တပ်မတော် အသည်း အထူးကုဆေးရုံသို့ သွားရောက်၍ (၇၅) နှစ်မြောက် စိန်ရတု ဆေးဝန်ထမ်းတပ်ဖွဲ့နေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တွင် တပ်မတော်၌ ပထမဆုံးအကြိမ် အဖြစ် အသည်းအစားထိုးခွဲစိတ် ကုသမှုခံယူခဲ့သည့် လူနာနှစ်ဦးကို သွားရောက် ကြည်ရှုအားပေး စကားပြောကြားပြီး စားသောက် ဖွယ်ရာများကို လည်းကောင်း၊ အဆိုပါ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ကြသည့် တပ်မတော်မှ ပါရဂူကြီးများနှင့် ဆေးမှူးများအတွက် ဂုဏ်ပြု ချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်သည်။
အသည်းအစားထိုး ကုသမှု တွင် တပ်ခွဲတပ်ကြပ်ကြီး အောင်ချစ်ဝင်းနှင့် ၎င်း၏ အသည်း အလှူရှင်ဖြစ်သည့် ဇနီးဖြစ်သူ ဒေါ်မျိုးသူဇာ၊ အသည်းအစားထိုး ကုသသူ ဒေါ်ခင်သူဇာမျိုးနှင့် ၎င်း၏ အသည်းအလှူရှင် အစ်မ ဖြစ်သူ ဒေါ်ကေသီမြင့်တို့ကို ခွဲစိတ် ကုသမှု ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ အဆိုပါ လူနာများနှင့်အလှူရှင်များ မှာ အောင်မြင်စွာ ခွဲစိတ်ခဲ့ရာ နောက် ရက်ပေါင်း ၃၀ နှင့် ၃၁ ရက် ရောက်ရှိသည့်ကာလအတွင်း လူကောင်း ပကတိဖြစ်သည် အထိ ကျန်းမာပျော်ရွှင်လျက်ရှိပြီး သက်ဆိုင်ရာ အသည်းအထူးကု ဆရာဝန်ကြီးများ၏ အနီးကပ်ပြုစု စောင့်ရှောက်မှု မလိုအပ်တော့ သည့် အခြေအနေ ဖြစ်သော်လည်း ပါရဂူကြီးများနှင့် ဆေးမှူးများက မွန်မြတ်သော စေတနာဖြင့် ပိုမိုစိတ်ချ ကောင်းမွန်စေရန် အတွက် ဆက်လက်၍ ကြည့်ရှု စောင့်ရှောက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်