တရုတ်နိုင်ငံ၏ ဉာဏပစ္စည်းမူပိုင်ခွင့် တရားစီရင်ရေးဆိုင်ရာ အကာအကွယ်တိုးမြှင့်

 

ပေကျင်း  အောက်တိုဘာ   ၂၇
တရုတ်နိုင်ငံ၏ တရားရေးအေဂျင်စီများသည် သိပ္ပံနှင့်နည်းပညာတွင်  မိမိကိုယ်ကိုအားကိုး မှုနှင့် နိုင်ငံအတွက် ပံ့ပို့မှုတွန်းအားရရှိရန်အတွက် ဉာဏပစ္စည်းမူပိုင်ခွင့် (IPR)ကို       တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြီးတန်း တရားသူကြီးတစ်ဦးက   အောက်တိုဘာ  ၁၉ ရက်က ပြောကြားလိုက်သည်။
၂၀၁၃ ခုနှစ်မှစတင်၍ ပထမအကြိမ်တွင် ပိတ်သိမ်းခဲ့သည့် ဉာဏပစ္စည်းမူပိုင်ခွင့်  တရားစွဲ မှုအရေအတွက်သည် စုစုပေါင်း ၂ ဒသမ  ၇၄ သန်းရှိပြီး နှစ်စဉ်ပျမ်းမျှ ၂၄  ဒသမ ၅ ရာခိုင် နှုန်း တိုးလာကြောင်း    ပြည်သူ့တရားရုံးချုပ် ဒုတိယဥက္ကဋ္ဌက တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ၏ အကြိမ် (၂၀)မြောက်    အမျိုးသားကွန်ဂရက် ညီလာခံကျင်းပစဉ်ဆောင်ရွက်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဉာဏပစ္စည်းမူပိုင်ခွင့်နှင့် ပတ်သက်သည့် တရားစွဲဆိုမှုများတွင် အမှုအခင်းများမှာ မူပိုင် ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ မူပိုင်ခွင့်များ၊ စီးပွားရေးလုပ်ငန်းလျှို့ဝှက်ချက်များ၊ ပေါင်းစပ် ပတ်လမ်းဒီဇိုင်းများ၊ အပင်မျိုးစိတ်အသစ်များ၊ ဒေသန္တရထုတ်ကုန်များ GI products၊ လက်ဝါး ကြီးအုပ်မှုနှင့် တရားမျှတမှုမရှိသော ပြိုင်ဆိုင် မှုတို့ပါဝင်သော ကဏ္ဍများစွာကို လွှမ်းခြုံထား ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် အလုပ် အကိုင်ပုံစံသစ်ရရှိသူများ၏ အခွင့်အရေးများကို ပိုမိုကောင်းမွန်စွာ   ကာကွယ်ထားပါကြောင်း၊ ပြည်သူ့တရားရုံးချုပ်လက်အောက်ရှိ ဉာဏ ပစ္စည်းမူပိုင်ခွင့် အထူးပြုတရားရုံး လေးခုသည် ပေဂျင်း၊    ရှန်ဟိုင်း၊   ကွမ်ကျိုးနှင့်  ဟိုင်နန် လွတ်လပ်သော ကုန်သွယ်မှုဆိပ်ကမ်းတို့တွင် တည်ရှိပြီး ယင်းတို့သည် နိုင်ငံ၏ ပြုပြင်ပြောင်းလဲ မှုတွင် ဉာဏပစ္စည်းမူပိုင်ခွင့် အမှုအခင်းဖြေရှင်း ရေးတွင်      အဆင်ပြေချောမွေ့စေကြောင်း၊ နိုင်ငံခြားကုမ္ပဏီများသည်   တရုတ်နိုင်ငံတွင် တရားဥပဒေဆိုင်ရာ အကာအကွယ်များ တန်းတူ ညီမျှ ရရှိစေရေးအတွက် အမြဲတစေကြိုးပမ်းမှု များနှင့်အတူ နိုင်ငံခြားကုမ္ပဏီများ ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုများကို   တရုတ် တရားရုံးများတွင် ပြေလည်အောင် ဖြေရှင်းပေး ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
 

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊