
နေပြည်တော် အောက်တိုဘာ ၂၇
မြန်မာလုပ်ငန်းရှင်များ၊ စီမံခန့်ခွဲမှုရာထူးနေရာများ တာဝန်ယူနေရသူများအတွက် အတွေ့အကြုံနှင့် အသိပညာများရရှိနိုင်မည့် ကမ္ဘာ့အကြီးဆုံး World Marketing Summit 2022 သို့ အွန်လိုင်းမှတစ်ဆင့် တက်ရောက်နိုင်ကြောင်း World Marketing Summit Myanmar မှ သိရသည်။
တက်ရောက်နိုင်ရန်အတွက် လက်မှတ်အမျိုးအစားနှစ်ခုရှိပြီး မြန်မာနိုင်ငံရှိ ကျောင်းသားများအတွက် အထူးအခွင့်အရေးအဖြစ် အခမဲ့ Student Ticket အစောင်ရေ ၄၀၀၀၀ ခန့် ရရှိထားကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုများ လုပ်ကိုင်နေကြသူများအတွက်မူ Professional Ticket လက်မှတ်တစ်စောင်လျှင် အမေရိကန် ဒေါ်လာ ၁၀၀ ခန့် ဖြင့် ဝယ်ယူနိုင်ကြောင်းသိရသည်။ Summit တက်ရောက်သူများသည် နိုင်ငံတကာမှ စီးပွားရေးနှင့် စီမံခန့်ခွဲမှုပညာရှင်ပေါင်း ၁၀၀ ကျော်၏ ဟောပြောချက်များကို နားထောင်ပြီး စီးပွားရေးနှင့် မားကတ်တင်းပညာရှင် Philip Kotler, CEO Sadia Kibria အပြင် Local Partner များ၏ လက်မှတ်ပါဝင်သည့် "Certificate of Executive Develop-ment" ကို ရရှိမည်ဖြစ်သည်။
ထို့ပြင် Learning on Demand ပရိုဂရမ် တစ်လရယူခွင့်၊ Essential of Modern Marketing တစ်စုံ၊ တိုက်ရိုက်အခမ်းအနား၌ ဘာသာငါးမျိုးပြန်ဆိုပေးမည့် Audio Translation နှင့် Kotler Alumini ကို Join နိုင်ရန်အတွက် Unique Block Chain ID နှင့် အခြားဝန်ဆောင်မှုများ ပါဝင်မည်ဖြစ်ကာ တက်ရောက် လိုသူများအနေဖြင့် https://www.worldmarketingsummitmm.com/buy-tickets/ နှင့် m.me/worldmarketingsummitmm.com တို့သို့ ဆက်သွယ်နိုင် ကြောင်း သိရသည်။ သီရိ