
ဟနွိုင်း အောက်တိုဘာ ၂၇
၂၀၃၀ ပြည့်နှစ်တွင် ဗီယက်နမ် နိုင်ငံ၏ တစ်ဦးချင်း ဂျီဒီပီသည် အမေရိကန်ဒေါ်လာ ၇၅၀၀ ဒေါ်လာသို့ ရောက်ရှိမည်ဖြစ်ပြီး အလယ်အလတ် ဝင်ငွေမြင့်မား လာစေရန် ရည်မှန်းထားကြောင်း မကြာသေးမီက အမျိုးသားအဆင့် မဟာစီမံကိန်းက ထုတ်ပြန်ထား ကြောင်း သိရသည်။
ဝန်ဆောင်မှုကဏ္ဍမှ ဂျီဒီပီ၏ ၅၀ ရာခိုင်နှုန်းကို ပံ့ပိုးကူညီရန် ရည်မှန်းထားသည်။ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးဖမ်းကဏ္ဍမှ ဂျီဒီပီ ၁၀ ရာခိုင်နှုန်းကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ထားကြောင်း ဒေသဆိုင်ရာ ဗီယက်နမ်သတင်း က အောက်တိုဘာ ၂၇ ရက် တွင် အမျိုးသားအဆင့် မဟာစီမံ ကိန်းက ထုတ်ပြန်သည့် စာတမ်း ကို ကိုးကားဖော်ပြသည်။ ဗီယက် နမ်နိုင်ငံသည် ၂၀၂၁-၂၀၃၀ကာလ အတွင်း ပျမ်းမျှဂျီဒီပီတိုးတက်မှု နှုန်းမှာ ၇ ရာခိုင်နှုန်းရရှိရန် ခန့်မှန်းထားကြောင်း ယခုသီတင်း ပတ်အစောပိုင်းတွင် ဒုတိယဝန်ကြီး လီဗန်ထော့က လက်မှတ်ရေးထိုး ထားသည့် အမျိုးသားအဆင့် မဟာစီမံကိန်း၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ အမျိုးသား လွှတ်တော်သို့ တင်ပြမည့် အစီ အစဉ်အရ ဗီယက်နမ်နိုင်ငံသည် ၂၀၅၀ ပြည့်နှစ်တွင် ဝင်ငွေမြင့်မား သည့်အဆင့်သို့ ရောက်ရှိရန် ရည်မှန်းထားကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်၏ အချက် အလက်အရ ဗီယက်နမ်နိုင်ငံ၏ တစ်ဦးချင်းဝင်ငွေသည် ၁၉၉၀ ပြည့်နှစ်က အမေရိကန်ဒေါ်လာ ၉၅ ဒေါ်လာမှ ၂၀၂၁ ခုနှစ်တွင် ၃၆၉၄ ဒေါ်လာသို့ တိုးလာကြောင်း သိရသည်။
ဆင်ဟွာ