
ဝယ်လင်တန် အောက်တိုဘာ ၂၇
နယူးဇီလန်နိုင်ငံ အောက်ကလန် မြို့ရှိ ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန် ၏ ရွေးကောက်ပွဲရုံးကို တိုက်ခိုက် မှု သံသယဖြင့် အသက် ၅၇ နှစ် အရွယ် အမျိုးသမီး တစ်ဦးကို ဖမ်းဆီးထားသည်ဟု သိရသည်။
အဆိုပါ အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာသည့် မီးသတ်သမားများ အပါအဝင် အရေးပေါ် ဝန်ဆောင်မှုအဖွဲ့၏ ပြောကြားချက်အရ ဂျက်စင်ဒါ အာဒန်၏ ရုံးခန်းကို ပစ်မှတ်ထား ကာ ဓားဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး အဆိုပါဓားကို ရုံးအပြင်ဘက် ကြမ်းပြင်ပေါ်တွင် တွေ့ရသည်ဟု သိရသည်။
သံသယမှုဖြင့် ဖမ်းဆီးခံထား ရသည့် အမျိုးသမီးမှာ ရုံးခန်း အရှေ့တံခါးကို ဓားဖြင့်ချိုးဖျက် ဝင်ရောက်ခဲ့ပြီး အဆောက်အအုံ အတွင်းသို့ ပစ္စည်းများနှင့် ပစ်ပေါက်ခဲ့သည်။ ယင်းမှတစ်ဆင့် မီးခိုးများ ထွက်လာသည်ဟု အိမ်နီးချင်းတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး ယခုအချိန်အထိ ဒဏ်ရာရရှိသူ မတွေ့ရှိရသေးချေ။ ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန် သည် နယူးဇီလန်နိုင်ငံ၏ တစ်ခုတည်းသော အန္တာတိက သုတေသနစခန်းဖြစ်သည့် စကော့ ဘေ့စ်၏ ၆၅ နှစ်မြောက် နှစ်ပတ် လည်အခမ်းအနား တက်ရောက် ရန်အတွက် အန္တာတိကသို့ လေးရက်ကြာ ခရီးထွက်နေချိန် လည်းဖြစ်သည်။ နယူးဇီလန် ဝန်ကြီးချုပ်မှာ အောက်တိုဘာ ၂၈ ရက်မှ ပြန်လာမည်ဟုလည်း သိရသည်။
ဆင်ဟွာ