ကြီးမားသည့် ငွေကြေးဖောင်းပွမှုကို ဖြေရှင်းရန် ပြင်သစ်သမ္မတ မက်ခရွန် ကတိပြုပြောကြား

 

ပါရီ    အောက်တိုဘာ   ၂၇


ကြီးမားသည့် ငွေကြေးဖောင်းပွမှုနှင့် သပိတ်မှောက်မှုများ ရင်ဆိုင်နေရချိန်တွင် ဖြေရှင်းချက်မရှိဘဲ ပြင်သစ်ကို ဘယ်တော့မှ ထားခဲ့မည်မဟုတ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က အောက်တိုဘာ ၂၆ ရက်တွင် ကတိပြုပြောကြားသည်။ 

 


အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးရန် ကတိပြု


ပြင်သစ်နိုင်ငံသည် ၂၀၂၃ ခုနှစ် နှစ်စပိုင်းတွင် လျှပ်စစ်နှင့်ဓာတ်ငွေ့ ဈေးနှုန်းများ  ၁၅   ရာခိုင်နှုန်း တိုးလာရန်  ခန့်မှန်းထားကြောင်း၊ အစိုးရသည် စွမ်းအင်အခွန်အကောက်ကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး ကျောင်းသားများ၊ ဝင်ငွေနည်းသည့် အိမ်ထောင်စုများနှင့် ဝင်ငွေအလယ်အလတ်ရှိသည့် အိမ်ထောင်စုများကို စီးပွားရေးလုပ်ငန်းများ ကူညီပေးမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ပြောကြားသည်။ လူငယ်များ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်ရန် ၎င်းက ကတိပြုပြောကြားသည်။ 

 

လူမှုရေးဆွေးနွေးပွဲများ ပြုလုပ်ရန် တိုက်တွန်း


တစ်နိုင်ငံလုံး လောင်စာဆီနှင့်ပတ်သက်၍ အထိတ်တလန့်ဖြစ်စေသည့် မကြာသေးမီက ဖြစ်ပွားသော သပိတ်များကို  တားဆီးရန်နှင့်  အဆုံးသတ်ရန်  လူမှုရေးဆွေးနွေးပွဲများ  ပြုလုပ်ရန်အတွက်  သမ္မတက တိုက်တွန်းထားသည်။ 


ဆင်ဟွာ