
တပ်ကုန်း အောက်တိုဘာ ၂၇
ပြည်ထောင်စုနယ်မြေ နေပြည် တော် ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် တွင် ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ် အတွင်း အခြေခံပညာအထက် တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ၏ ပညာရေး စီမံခန့်ခွဲမှု စွမ်းရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ဗိုလ်မင်းရောင်ရပ်ကွက်၊ ဗိုလ်မင်းရောင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကံ့ကော် စာသင်ဆောင်၌ ကျင်းပသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနား တွင် တပ်ကုန်းမြို့နယ်ပညာရေးမှူး(ပူးတွဲတာဝန်)လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးဆန်းက အခြေခံပညာ ကျောင်းများ၏ သင်ကြားသင်ယူမှု လုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန်၊ အခြေခံပညာ ကျောင်းအုပ်ကြီး များ၏ စီမံခန့်ခွဲမှုနှင့် စွမ်းဆောင် ရည် ပိုမိုမြင့်မားလာစေရန်၊ အခြေခံပညာဦးစီးဌာန၏ စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စစ်ဆေးလုပ်ငန်း များ ထိရောက်စွာ ဆောင်ရွက်နိုင် စေရန် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ကြောင်း အမှာစကား ပြောကြားသည်။
မြို့နယ် အတွင်း အခြေခံပညာကျောင်း ပေါင်း ၁၆၇ ကျောင်းမှ အထက် တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမ ကြီး ၁၆၇ ဦးတို့ကို နည်းပြ ဆရာကြီး၊ ဆရာမကြီး ငါးဦးဖြင့် အောက်တိုဘာ ၂၇ရက်မှ ၂၈ ရက် အထိ ဗိုလ်မင်းရောင် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် စာသင်ဆောင် အခန်းသုံးခန်းခွဲပြီး ပညာရေးစီမံခန့်ခွဲမှု စွမ်းရည် မြင့်မားရေး အလုပ်ရုံဆွေးနွေး သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်