စစ်တက္ကသိုလ် အဆင့်မြင့်စာပေပညာဗဟိုဌာနတွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၂) ကျင်းပ

 

နေပြည်တော်  အောက်တိုဘာ  ၂၇


တပ်မတော်အနေဖြင့်     သိပ္ပံနှင့် နည်းပညာဆိုင်ရာများ  အထောက် အကူပြုနိုင်ရန်နှင့်   လူ့စွမ်းအား အရင်းအမြစ်    ဖွံ့ဖြိုးတိုးတက်စေ ရန်ရည်ရွယ်၍  သိပ္ပံနှင့်နည်းပညာ ဆိုင်ရာ         ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်  (၂၀၂၂)   (Conference on  Science  and  Technology Development – 2022)  (CSTD-2022) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ် စစ်တက္ကသိုလ်    အဆင့်မြင့်စာပေ ပညာဗဟိုဌာန      ငါးထပ်စာသင် ဆောင်ရှိ  Multifunction Hall ၌ ကိုဗစ်-၁၉     ရောဂါ   စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပ သည်။

 


ဦးစွာ   ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)  ဗိုလ်ချုပ်ကြီး မောင်မောင်အေးက         အဖွင့် အမှာစကား         ပြောကြားပြီး  အခမ်းအနားသို့    တက်ရောက်လာ ကြသူများနှင့်အတူ      တင်သွင်း ခင်းကျင်းပြသထားသည့်   သိပ္ပံနှင့် နည်းပညာဆိုင်ရာ     ပိုစတာ ၂၃ စောင်ကို        လှည့်လည်ကြည့်ရှု စစ်ဆေးရာ       ပိုစတာရှင်များက      ရှင်းလင်းတင်ပြကြသည်။

 


ထို့နောက်       ဖိတ်ကြားထား သော    ပါမောက္ခများ၏  စာတမ်း နှစ်စောင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနစာတမ်း     ၆၃   စောင် စုစုပေါင်း  ၆၅  စောင်  ဖတ်ကြား သည်။

 


သိပ္ပံနှင့်    နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး       ကွန်ဖရင့် (၂၀၂၂)ကို အောက်တိုဘာ ၂၈ ရက် အထိ      ကျင်းပသွားမည်ဖြစ်ပြီး  ဖိတ်ကြားထားသော    ပါမောက္ခများ ၏     စာတမ်း  နှစ်စောင်    သိပ္ပံနှင့် နည်းပညာဆိုင်ရာ         သုတေသန စာတမ်း   ၅၆  စောင်   စာတမ်း စုစုပေါင်း ၅၈ စောင်  ဆက်လက် ဖတ်ကြားသွားမည်       ဖြစ်ပြီး အကောင်းဆုံးစာတမ်း     ခုနစ်ဆု နှင့်   အကောင်းဆုံးပိုစတာ  နှစ်ဆု ချီးမြှင့်သွားမည်         ဖြစ်ကြောင်း    သိရသည်။

 


သိပ္ပံနှင့်  နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး   ကွန်ဖရင့်ကို ၂၀၁၆  ခုနှစ်မှစပြီး  နှစ်စဉ်ကျင်းပ ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်- ၁၉   ကပ်ရောဂါကြောင့်  ကျင်းပ နိုင်ခဲ့ခြင်းမရှိဘဲ  ၂၀၂၁  ခုနှစ်တွင် ကိုဗစ် - ၁၉   ရောဂါ   စည်းမျဉ်း စည်းကမ်းများနှင့်အညီ  ပြန်လည် ကျင်းပခဲ့ပြီး     ယခုအကြိမ်သည် ဆဋ္ဌမအကြိမ်မြောက်    ကျင်းပ သည့် ကွန်ဖရင့်ဖြစ်သည်။

 


အဆိုပါကွန်ဖရင့်သို့ အလယ် ပိုင်းတိုင်း    စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊   တပ်မတော် တက္ကသိုလ်များမှ ကျောင်းအုပ်ကြီး များ၊ ပါမောက္ခချုပ်များနှင့်အရာရှိ များ၊   အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခများ၊ တပ်နယ်မှ မဟာ ဘွဲ့နှင့်        ပါရဂူဘွဲ့သင်တန်း တက်ရောက်နေသော   သင်တန်း  သား  အရာရှိများ၊  ဗိုလ်လောင်းများ နှင့်  ဖိတ်ကြားထားသော  ဧည့်သည် တော်များ၊    ကိုယ်တိုင်လာရောက် စာတမ်း     မဖတ်ကြားနိုင်သော Keynote Speaker       များ၊ အရပ်ဘက်     တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့်   ပါမောက္ခ များက ဗီဒီယိုကွန်ဖရင့်ဖြင့် အခမ်း အနားသို့ တက်ရောက်ကြကြောင်း သိရသည်။  

            
သတင်းစဉ်