
ဝါရှင်တန် အောက်တိုဘာ ၂၆
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် သည် အောက်တိုဘာ ၂၅ ရက် နှောင်းပိုင်းတွင် ထပ်ဆောင်းကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ သည်ဟု သိရသည်။ ဗိုင်းရပ်စ်မှာ အမြဲလိုလို ပြောင်းလဲနေကြောင်း၊ မျိုးကွဲအသစ်များမှာ အမေရိကန် နှင့် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ် နေကြောင်း သမ္မတဂျိုးဘိုင်ဒင်က ပြောသည်။
ယခင်ထိုးထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ လုံလောက် သည့် ကာကွယ်မှုမျိုးအပြည့်အဝ ပေးစွမ်းနိုင်ခြင်း မရှိတော့ဟု ၎င်းက ဆက်ပြောသည်။ ယခု အချိန်အထိ အမေရိကန်တွင် ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ် ဆေးထိုးပြီးသူဦးရေမှာ သန်း ၂၀ ကျော်ရှိလာပြီဟု အိမ်ဖြူတော်က ပြောသည်။
ထပ်ဆောင်း ကာကွယ်ဆေး ကို လာရောက်ထိုးနှံသူဦးရေမှာ လုံလောက်မှုမရှိသေးဟု သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။ ရာသီ ဥတုမှာ တဖြည်းဖြည်းအေးလာပြီး လူများမှာလည်း အဆောက်အအုံ အတွင်း၌သာ အချိန်ဖြုန်းလာ သည့်အတွက် ကိုဗစ်-၁၉ ကူးစက် မှုမှာ ပိုမိုလွယ်ကူလာသည်ဟု ၎င်းကဆက်ပြောသည်။ အမေ ရိကန်တွင် ကိုဗစ်-၁၉ ကူးစက် ခံရသူ ၉၇ သန်းရှိပြီး သေဆုံးသူ ဦးရေမှာလည်း တစ်သန်းကျော်ရှိ သည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ် မှ ထုတ်ပြန်သည့်အချက်အလက် များအရ သိရသည်။
ဆင်ဟွာ