
နာဆာ အောက်တိုဘာ ၂၆
အာကသယာဉ်မှူးများ လိုက်ပါ နိုင်သည့် လပေါ်သွားရှေ့ပြေး ယာဉ်ပုံစံကိုနာဆာက ထုတ်ဖော် ပြသခဲ့သည်။ ယင်းလှုပ်ရှားမှုမှာ ရာစုနှစ် တစ်ဝက်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် လပေါ် သို့ အာကာသယာဉ်မှူးများ စေလွှတ်နိုင်ရန် အေဂျင်စီ၏ ကြိုးပမ်းအားထုတ်မှုလည်း ဖြစ် သည်။ အဆိုပါ လပေါ်သွား ယာဉ်ငယ်ကို အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တွင် အောက် တိုဘာ ၂၄ ရက်က ပြသထား သည်။
အဆိုပါ လပေါ်သွားယာဉ်မှာ အမြင့် သုံးမီတာရှိပြီး ငါးမီတာ ရှည်လျားသည်။ အဆိုပါယာဉ် ပေါ်တွင် အာကာသယာဉ်မှူး နှစ်ဦးအတွက် အိပ်ရာနှင့် သန့်စင် ခန်းတို့ ပါဝင်သည်။ ကျောက် ဆောင်မြေသား နေရာတွင်ပင် အဆိုပါလပေါ်သွားယာဉ်ငယ်မှာ တစ်နာရီလျှင် ၁၀ ကီလိုမီတာ သွားနိုင်ကြောင်း နာဆာကပြော သည်။ အဆိုပါ ယာဉ်ငယ်ကို ယခုလအစောပိုင်းက အရီဇိုးနား ပြည်နယ် ကန္တာရတွင် သုံးရက် ကြာ လေ့လာစမ်းသပ်မှု ပြုလုပ် ခဲ့သည်။ ဂျပန်နိုင်ငံသည် အမေ ရိကန် ဦးဆောင်သည့် အာတီ မစ်စီမံကိန်းတွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။
အဆိုပါ လပေါ်သွားယာဉ် ငယ်လေ့လာစမ်းသပ်မှုမှ ရရှိသည့် အချက်အလက်များကို အသုံးပြု ကာ ဂျပန်နိုင်ငံသည်လည်း လ ပေါ်တွင်ကိုယ်တိုင် စူးစမ်းရှာဖွေမှု ပြုလုပ်ရန်အတွက် လေ့လာမှု များတွင် အသုံးပြုသွားမည်ဖြစ် သည်။ အင်န်အိတ်ချ်ကေ