
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီအမျိုး အစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်းဆောင် ရွက်လျက်ရှိရာ စက်သုံးဆီ တင်သွင်းမှုအခြေအနေ မှာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT Synergy သင်္ဘောသည် ဓာတ်ဆီ 92 Ron ၀ ဒသမ ၉၁ ဂါလန်သန်း၊ ရိုးရိုး ဒီဇယ်ဆီ ၂ ဒသမ ၅၅ ဂါလန် သန်းနှင့် ပရီမီယံ ဒီဇယ်ဆီ ၁ ဒသမ ၃၄ ဂါလန်သန်းကို အောက်တိုဘာ ၂၄ ရက်တွင်လည်းကောင်း၊ MT Aulac Vision သင်္ဘောသည် ဓာတ်ဆီ 92 Ron ၂ ဒသမ ၀၁ ဂါလန် သန်းကို အောက်တိုဘာ ၂၅ ရက်တွင် လည်းကောင်း ဆီချလုပ်ငန်း ဆောင်ရွက်ပြီးဖြစ်သည်။
ဓာတ်ဆီ 92 Ron ၂ ဒသမ ၇၆ ဂါလန်သန်း၊ ဓာတ်ဆီ 95 Ron ၀ ဒသမ ၉၂ ဂါလန်သန်းနှင့် ရိုးရိုး ဒီဇယ်ဆီ ၁ ဒသမ ၆၅ ဂါလန်သန်း တင်ဆောင်လာ သည့် MT Yu Dong သင်္ဘော၊ ရိုးရိုးဒီဇယ်ဆီ ၃ ဒသမ ၀၇ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၃ ဒသမ ၀၇ ဂါလန်သန်း တင်ဆောင်လာသည့် MT Harmony One သင်္ဘောနှင့် ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၆၇ ဂါလန်သန်း တင်ဆောင်လာသည့် MT Intan Premier သင်္ဘောတို့သည် သက်ဆိုင်ရာ Terminal များသို့ ဆိုက်ကပ်၍ ဆီချလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ရန်ကုန်သီလဝါ ဆီလှောင်ကန် လက်ကျန်များ၊ စက်သုံးဆီအရောင်း ဆိုင်များနှင့် ဖြန့်ဖြူးမှု လက်ကျန်အခြေအနေများ အရ စက်သုံးဆီ ဖူလုံမှုရှိကြောင်း စိစစ်တွေ့ရှိ ရသည်။
စက်သုံးဆီဈေးနှုန်းများအနေဖြင့် ယခုရက်သတ္တ ပတ်တွင် ဓာတ်ဆီဈေးနှုန်း အနည်းငယ် ကျဆင်းပြီး ဒီဇယ်ဆီဈေးနှုန်းမှာ အနည်းငယ် မြင့်တက်ကြောင်း တွေ့ရပြီး ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများမှာ သိသိသာသာ ပြောင်းလဲမှုမရှိကြောင်း သတင်း ရရှိသည်။