“တူယှဉ်နွှဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 အုပ်စု(င) ပွဲစဉ်(၉)ကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ပြသမည်

 

နေပြည်တော်  အောက်တိုဘာ ၂၆
(၇၅)  နှစ်မြောက်   စိန်ရတုလွတ်လပ်ရေး နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ် နွှဲပျော်ဂီတပွဲတော်”  Season-2 သီချင်းဆို ပြိုင်ပွဲကို  ပွဲစဉ်(၁၈) ပွဲဖြင့် စက်တင်ဘာ ၂ ရက်မှစတင်ပြီး   အပတ်စဉ်   သောကြာနေ့ ညတိုင်း  ကျင်းပလျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။ 
အဆိုပါပြိုင်ပွဲများတွင်   အကဲဖြတ်ဒိုင် များအဖြစ်   ထပ်ဆင့်အကယ်ဒမီ  ချိုပြုံး၊ စန္ဒရား မျိုးနိုင်နှင့်     တေးသံရှင်   ခိုင်ဝါတို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး   မြန်မာ့အသံ တေးဂီတအဖွဲ့နှင့် တွဲဖက်၍ သရုပ်ဆောင်/  တေးသံရှင်များဖြစ်ကြသည့်   ဝေလျှံနှင့်  သဉ္ဇာမြင့်မိုရ်တို့က     အစီအစဉ်တင်ဆက် သူများအဖြစ်        ဆောင်ရွက်ကြမည်ဖြစ် သည်။
ယင်းပြိုင်ပွဲသို့  နေပြည်တော်၊   တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ ရွေးချယ်ထား သည့် ပြိုင်ပွဲဝင်သုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲ၏ အုပ်စု (င) ပွဲစဉ်(၉)ကို  အောက်တိုဘာ ၂၈  ရက်  သောကြာနေ့ညတွင်     ယှဉ်ပြိုင်ကြမည် ဖြစ်ရာ ရခိုင်ပြည်နယ်မှ မျိုးဆက်နွယ်၊ ချင်း ပြည်နယ်မှ  သူဇာမြင့်မိုရ်၊ ကယားပြည်နယ်မှ     ရတနာဝင်းမြာ၊   ကချင်ပြည်နယ်မှ  မေဇီ၊ မွန်ပြည်နယ်မှ  ရွှေစင်ကြယ်၊  တနင်္သာရီ   တိုင်းဒေသကြီးမှ   ခင်ပြည့်ဝင်း၊  ရန်ကုန် တိုင်းဒေသကြီးမှ ပြည့်ဖြိုးအောင်၊ စစ်ကိုင်း တိုင်းဒေသကြီးမှ  ရေဂျီနားနှင့် ရှမ်းပြည်နယ် မှ   ဖြိုးပြည့်ပြည့်မောင် စုစုပေါင်း ပြိုင်ပွဲဝင် ကိုးဦးတို့၏  ပြဋ္ဌာန်းတေးသီချင်းများဖြင့်   သီဆိုယှဉ်ပြိုင်ကြပုံများကို ယင်းနေ့ ည ၈ နာရီ သတင်းများအပြီးတွင် MRTV–HD မှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်သွားမည် ဖြစ်ကြောင်းနှင့်    ထိုသို့တင်ဆက်မှုကို   အောက်တိုဘာ   ၃၀   ရက်  တနင်္ဂနွေနေ့ နံနက် ၁၀  နာရီခန့်တွင် ပြန်လည်ပြသမည် ဖြစ်ကြောင်း သိရသည်။   
  သတင်းစဉ်