ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

 

နေပြည်တော် အောက်တိုဘာ ၂၆
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း    သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သည့်    ဥပဒေဘောင် အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆို လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်း သူများထံသို့ လွှဲပြောင်းပေးအပ် လျက်ရှိသည်။
 ယနေ့       နံနက်ပိုင်းတွင် လည်း  ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ နယ်မြေခံတပ်ရင်း ခန်းမ၌  ပြန်လည်ကြိုဆိုလက်ခံ ခြင်းကို   ပြုလုပ်ရာ  တိုင်းစစ်ဌာန ချုပ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့တို့မှ တာဝန်ရှိသူများ၊ ဥပဒေ ဘောင်အတွင်း ဝင်ရောက်လာသူ များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူ များ တက်ရောက်ကြသည်။ 
ဦးစွာ    တာဝန်ရှိသူများက အသိပညာပေးစကားများ   ပြော ကြားပြီး   ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှု ကျူးလွန်ခြင်းမရှိခဲ့သော နောင်ချို မြို့မှ   PDF  အဖွဲ့ဝင်   အမျိုးသား နှစ်ဦးကို    ခံဝန်ကတိလက်မှတ် ရေးထိုးစေကာ ထောက်ပံ့ငွေများ ပေးအပ်၍ ၎င်းတို့၏ မိဘအုပ်ထိန်း သူများထံသို့ လွှဲပြောင်းအပ်နှံပေး ကြသည်။
PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့်     နိုင်ငံ တော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ      ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည် ဆိုပါက   ကြိုဆိုလက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ    ပြစ်မှု ကျူးလွန်ခဲ့ခြင်းမရှိသော    PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌      ဥပဒေ ဘောင်အတွင်း         ပြန်လည် ဝင်ရောက်လျက်     ရှိကြသဖြင့် သက်ဆိုင်ရာ     တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ သို့   လွှဲပြောင်းအပ်နှံပေးလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်