
နေပြည်တော် အောက်တိုဘာ ၂၆
စက်ရုံများအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်မှသာ စီးပွားရေး တွက်ခြေကိုက်မည် ဖြစ်သဖြင့် ဝန်ထမ်းအားလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အိမ်သုံးပစ္စည်းစက်ရုံနှင့် အထည် စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးစဉ် တိုက်တွန်းပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးသည် အောက် တိုဘာ ၂၄ ရက်က မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့ရှိ အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု)၊ မြစ် သားမြို့ရှိ အမှတ် (၇) အထည် စက်ရုံ(မြစ်သား)၊ အမှတ် (၇) အထည်စက်ရုံခွဲ (ဝမ်းတွင်း) နှင့် ရမည်းသင်းမြို့ရှိ အမှတ် (၈) အထည်စက်ရုံခွဲ (ရမည်းသင်း)တို့ သို့ သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ခြင်းဖြစ်ပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် နိုင်ရေးအတွက် စက်ရုံရှိ စက်ပစ္စည်း ကိရိယာအားလုံးကို ကောင်းမွန်အောင် ပြုပြင်ထားရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ မှာယူ ထားသော ဆေးရုံသုံးပရိဘောဂ နှင့် ပစ္စည်းများကို အချိန်မီ ထုတ်လုပ်ပေးနိုင်ရေးဆောင်ရွက် ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကို အမှာစာများပေါ်တွင် မူတည်၍ ဆောင်ရွက်မနေဘဲ စျေးကွက်ကို သုတေသနပြုလုပ်၍ ဆောင်ရွက် ကြရန်၊ စက်ရုံမှထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများကို စျေးနှုန်း ချိုသာပြီး အရည်အသွေးကောင်း မွန်အောင် အလေးထားဆောင် ရွက်ရန် မှာကြားခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးက နိုင်ငံအတွင်း၌ အဝတ်အထည် လိုအပ်ချက်သည် လွန်စွာကြီးမား သည့်အတွက် အရည်အသွေး ကောင်းမွန်သည့် ချည်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံ ဆောင်ရွက်ရန်၊ လိုအပ်သော ကုန် ကြမ်းများကို အချိန်မီရရှိအောင် ကြိုတင်စီမံဆောင်ရွက်ထားရန်၊ စမ်းသပ် ထုတ်လုပ်လျက်ရှိသည့် ချည်မျှင်များ အောင်မြင်စွာ ထုတ် လုပ်နိုင်ရေး ကြိုးစားဆောင်ရွက် ရန်၊ ချည်မျှင်တစ်ပင်ချင်းစီ၏ ခိုင်အား၊ ဆွဲဆန့်ခံနိုင်မှုအား ကောင်းမွန်ရေး ဆောင်ရွက်ရန်၊ ချည်မျှင်များ စမ်းသပ်ထုတ်လုပ် နိုင်ရေးအတွက် လိုအပ်သော စက် ပစ္စည်းများကို ဝယ်ယူဖြည့်တင်း သွားရန်နှင့် ပြုပြင်နေသည့် စက်ပစ္စည်းကိရိယာများကိုလည်း အမြန်ဆုံး ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ ပညာရေးဝန်ကြီး ဌာနမှ မှာယူထားသည့် ကျောင်း စိမ်းလုံချည်နှင့် ပုဆိုးများအား အချိန်မီ ထုတ်လုပ်ပေးပို့နိုင်ရေး အလေးထား ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးကို အလေးထား ဆောင်ရွက်ကြရန် ဖြည့်စွက် မှာကြားသည်။
အဆိုပါ စက်ရုံများသို့ ရောက်ရှိစဉ် တာဝန်ရှိသူများက စက်ရုံဆိုင်ရာ အချက်အလက် များ၊ လုပ်ငန်းလည်ပတ် အကောင် အထည်ဖော်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယ ဝန်ကြီးက စက်ရုံများအတွင်း ဆေးရုံသုံးပစ္စည်းများ၊ အိမ်သုံး စတီးလ်ပစ္စည်းများနှင့် ပလတ် စတစ်ပစ္စည်းများ ထုတ်လုပ် နေမှု၊ ချည်မျှင်ထုတ်လုပ်နေမှု၊ လုံချည်နှင့် ပုဆိုးများ ရက်လုပ် နေမှု၊ အဝတ်အထည်များနှင့် ခြင်ထောင်များ ချုပ်လုပ်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ သည်။
သတင်းစဉ်