(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဂုဏ်ပြုယာဉ်များကို ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက အချိန်ယူကာ စီစဉ်ဆောင်ရွက်ကြစေလို

 

နေပြည်တော် အောက်တိုဘာ ၂၆


၂၀၂၃    ခုနှစ်     (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု အခမ်းအနား        ကျင်းပရေး ကော်မတီ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို   ယနေ့ မွန်းလွဲ ၁  နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန    စုဝေး ခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့   ၂၀၂၃  ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပ ရေး ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊  ဒုတိယဥက္ကဋ္ဌ   နေပြည်တော်ကောင်စီ         ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊  ကော်မတီ အတွင်း ရေးမှူး ဒုတိယဝန်ကြီး  ဦးရဲတင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်   ဇင်မင်း ထက်၊       ဦးအောင်ကျော်ထွန်း၊ ဦးဇော်ဝင်း၊  ဒေါက်တာအေးထွန်း၊ ဦးမျိုးလှိုင်၊ ဦးဝင်းဖေ၊  ဦးဇော်အေး မောင်၊  နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်   ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ   တပ်မတော်အရာရှိကြီး များ၊    အမြဲတမ်းအတွင်းဝန်များ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြပြီး        တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက  ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်    တက်ရောက် ကြသည်။

 


ရှေးဦးစွာ ဂုဏ်ပြုအခမ်းအနား ကျင်းပရေး         ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး     ဦးမောင် မောင်အုန်းက     (၇၅) နှစ်မြောက် စိန်ရတု       လွတ်လပ်ရေးနေ့သည် အရေးကြီးသည့်   နေ့တစ်နေ့ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင်     ကျင်းပသည့် အခမ်းအနားများအနက်    အခမ်း နားဆုံး၊ အမြင့်မားဆုံး နိုင်ငံတော် အဆင့်   အခမ်းအနားတစ်ခုအဖြစ် ဆောင်ရွက်ရန်   လမ်းညွှန်ထားပါ ကြောင်း။

 


စိန်ရတု      လွတ်လပ်ရေးနေ့ အခမ်းအနားမကျင်းပမီ      အခြား သော      ဂုဏ်ပြုအစီအစဉ်များကို လည်း  စီမံဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင်   ဂုဏ်ပြုယာဉ် များကို ဝန်ကြီးဌာနများ၊   တိုင်း ဒေသကြီးနှင့်    ပြည်နယ်များက    အချိန်ယူကာ  စီစဉ်ဆောင်ရွက် ကြစေလိုပါကြောင်း၊     စိန်ရတု ပြည်ထောင်စုနေ့    အခမ်းအနား ကျင်းပပြီးဖြစ်၍    အတွေ့အကြုံ ရှိပြီး ဖြစ်ပါကြောင်း၊  ယင်းအတွေ့ အကြုံကို အခြေခံ၍   ပိုမိုခမ်းနား ထည်ဝါစွာ         ကျင်းပနိုင်ရန် အားနည်းချက်၊  အားသာချက်များ ကို  ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

 


ထို့နောက် ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ    ဒုတိယ ဥက္ကဋ္ဌ  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က (၇၅)နှစ်မြောက် စိန်ရတု        လွတ်လပ်ရေးနေ့ အောင်မြင်စွာ      ကျင်းပနိုင်ရေး အတွက်   လုပ်ငန်းတာဝန်  ၆  ရပ် ချမှတ်        ဆောင်ရွက်ထားပြီး ကြိုတင်         ပြင်ဆင်ထားရှိမှု များ၊   လက်ရှိဆောင်ရွက်နေမှုနှင့် ရှေ့ဆက်လက်    ဆောင်ရွက်သွား မည့်လုပ်ငန်းစဉ်များ၊        ကဏ္ဍ အလိုက်အုပ်ချုပ်မှုဆိုင်ရာ  ကိစ္စရပ် များတွင် ပေါင်းစပ်ပါဝင်သွားမည့် အခြေအနေများနှင့်    စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

 


ယင်းနောက်   ဂုဏ်ပြုအခမ်း အနား      ကျင်းပရေးကော်မတီ အတွင်းရေးမှူး     ဒုတိယဝန်ကြီး ဦးရဲတင့်က စိန်ရတုလွတ်လပ်ရေး နေ့  ကျင်းပရေး   ဗဟိုကော်မတီ အောက်ရှိ   လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှု၊  ကော်မတီများ၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။

 


ဆက်လက်၍  တိုင်းဒေသကြီး၊ ပြည်နယ်      ဝန်ကြီးချုပ်များက တိုင်းဒေသကြီးနှင့်    ပြည်နယ် ကိုယ်စားပြု       ဂုဏ်ပြုယာဉ်များ၊  ပြခန်းများ    ပြင်ဆင်ဆောင်ရွက် သွားမည့်       အခြေအနေများကို  ဆွေးနွေးတင်ပြကြသည်။

 


ထို့နောက်      အခမ်းအနား သို့  တက်ရောက်လာကြသူများက  စိန်ရတုလွတ်လပ်ရေးနေ့  အခမ်း အနားအောင်မြင်စွာ    ကျင်းပနိုင် ရေးအတွက် လုံခြုံရေး၊  သယ်ယူ ပို့ဆောင်ရေး၊       ကျန်းမာရေး စောင့်ရှောက်မှု၊    ကျောင်းသား ကျောင်းသူများ စာလုံးသရုပ်ဖော် မှု၊ ဂုဏ်ပြုယာဉ်များတွင် ပြင်ဆင်   ဆောင်ရွက်ထားရှိမှု၊    ဗိုလ်ရှုခံ ရင်ပြင်တွင် အသံပိုင်းဆိုင်ရာ စက် ပစ္စည်း  တပ်ဆင်မှုများနှင့် စပ်လျဉ်း ၍   ဆွေးနွေးတင်ပြကြသည်။

 


ထို့နောက် ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ    တွဲဖက် အတွင်းရေးမှူး         အမြဲတမ်း အတွင်းဝန်     ဦးမျိုးမြင့်မောင်က အစည်းအဝေးဆုံးဖြတ်ချက်များ ကို   ဖတ်ကြားအတည်ပြုသည်။

 


ယင်းနောက်   ဂုဏ်ပြုအခမ်း အနား         ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ          ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက   နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။  


သတင်းစဉ်