နေပြည်တော်ကောင်စီနယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်

 

နေပြည်တော်   အောက်တိုဘာ  ၂၆


နေပြည်တော်ကောင်စီနယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက တိုင်းစစ်ဌာနချုပ် အောင်ငြိမ်းအေးခန်းမ၌ တွေ့ဆုံသည်။

 


ထိုသို့ တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ကို ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်