
နေပြည်တော် အောက်တိုဘာ ၂၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် လယ်ဝေးမြို့နယ် ချေးငွေအကြံပေး အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုး က အမှာစကားပြောကြားပြီး လက် ထောက် အထွေထွေမန်နေဂျာ ဦးခင်မောင်စိုး က ချေးငွေများ စဉ်ဆက် မပြတ်ထုတ်ချေးနိုင်ရေး၊ အချိန်စေ့လွန် ချေးငွေများ ပြန်လည်ရရှိရေးနှင့် ပတ်သက်၍ ဆွေးနွေးသည်။
ထို့နောက် လယ်ဝေးမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အချိန် စေ့လွန်ချေးငွေများ ပြန်လည်ရရှိရေး အတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ် များတင်ပြခြင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်၊ နေပြည်တော်ဘဏ်ခွဲ မန်နေဂျာ ဒေါ်စမ်းမူယာအောင် က လယ်ဝေးခရိုင်ဘဏ်ခွဲ၏ စိုက်ပျိုး စရိတ်ချေးငွေနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခြင်း၊ တက်ရောက်လာကြသည့် မြို့နယ်ချေးငွေ အကြံပေးအဖွဲ့များကဖြည့်စွက်အကြံပေး ဆွေးနွေးကြသည်။
ဆက်လက်၍ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) အထွေထွေ မန်နေဂျာသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများသို့ သွားရောက်၍ ဘဏ်ခွဲဝန်ထမ်းများနှင့် တွေ့ဆုံ ကြောင်း သိရသည်။
သတင်းစဉ်