
ကော့သောင်း အောက်တိုဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၂၄ ရက်က ကော့သောင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ဝန်ကြီးချုပ်သည် ကော့သောင်းမြို့ ၁၄ မိုင် ကျေးရွာတွင် Good Water (Kawthaung) Co., Ltd. မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကော့သောင်းမြို့အတွင်းသို့ သောက်သုံးရေထုတ်လုပ် ဖြန့်ဖြူးရေးစီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းခွင် ရှင်းလင်းဆောင်တွင် တာဝန်ရှိ သူများက စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ကော့သောင်း မြို့အနေဖြင့် နွေရာသီတွင်သောက်သုံးရေ အခက်အခဲ များ ဖြစ်ပေါ်လေ့ရှိသဖြင့် မြို့နေပြည်သူများ သောက်သုံးရေ အခက်အခဲမဖြစ်ပေါ်စေရေး စီမံကိန်း လုပ်ငန်းများကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ ရေလှောင်တမံမှ ပင်မရေ ပိုက်လိုင်းသွယ်တန်းမှု လုပ်ငန်းများ အပါအဝင် မြို့တွင်းသို့ သွယ်တန်းမည့် ရေပိုက်လိုင်းများ အမြန် ဆုံး သွယ်တန်းနိုင်ရေး အကောင်အထည်ဖော်စေ လိုပါကြောင်း မှာကြားပြီး ၁၄ မိုင်အနီး ဘုတ်ပြင်း-ကော့သောင်းကားလမ်းဘေးတစ်လျှောက် ပင်မရေ သန့်ပို့ ပိုက်လိုင်းသွယ်တန်း တည်ဆောက်နေ မှုလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လုပ်ငန်းခွင်အတွင်းဖြစ်ပေါ်လာမည့် အခက်အခဲ များကို တာဝန်ရှိအဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်သည် ကော့သောင်းမြို့ လေးမိုင်ရှိ သုခဘုံစံသာသနာပြုကျောင်းတိုက်တွင် အောင်ဆန်းဆရာတော်ကြီးနှင့် ကျောင်းထိုင်ဆရာ တော် ပတ္တမြားကျောင်းဆရာတော်တို့အား ဖူးမြော် ကြည်ညိုကန်တော့ပြီး လှူဖွယ်ပစ္စည်းနှင့် အလှူငွေ များဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဝန်ကြီးချုပ်သည် ကော့သောင်းမြို့ မြို့မဆိပ်ကမ်းတံတားသို့ရောက်ရှိပြီး ဆောက်လုပ် ရေး ဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာနမှ တာဝန် ယူဆောက်လုပ်မည့် ကော့သောင်းအပြည်ပြည် ဆိုင်ရာ နယ်စပ်အဝင်/အထွက် ဂိတ်မုခ်ဦးပါ အဆောက်အအုံတည်ဆောက်မည့် အခြေအနေကို ရှင်းလင်းဆောင်တွင် အဆောက်အဦ ဦးစီးဌာနမှ တာဝန်ရှိသူက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာ- ထိုင်းနယ်စပ်ဖြစ်ပြီး နိုင်ငံ တကာ ခရီးသွားဧည့်သည်များ ဝင်ထွက်လည်ပတ်ရာ နေရာ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဖြစ်သည့်အတွက် မုခ်ဦးကို မြန်မာမှုအနုပညာလက်ရာများဖြင့် ခံ့ညား ထည်ဝါစွာ ဒီဇိုင်းရေးဆွဲ တည်ဆောက်စေလိုကြောင်း၊ ခရီးသွားဧည့်သည်များ နားနေရန်နေရာများ အပါ အဝင် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများ လုပ်ငန်းဆောင်ရွက်ရန်နေရာများပါ စဉ်းစား ထည့်သွင်းတည်ဆောက်ကြရန် မှာကြားကာ မုခ်ဦး နှင့် အဆောက်အအုံ တည်ဆောက်မည့်နေရာနှင့် ဆိပ်ခံတံတားအခြေအနေကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန် ရှိ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)